ပြင်ဦးလွင်မြို့တွင် အပြင်ထွက်သွားလာခွင့် ကန့်သတ်‌ကြောင်း စစ်ကောင်စီ ကြေညာ

ပြင်ဦးလွင်မြို့တွင် အပြင်ထွက်သွားလာခွင့် ကန့်သတ်‌ကြောင်း စစ်ကောင်စီ ကြေညာ

မဇ္ဈိမ ၊ဩဂုတ် ၂၂

ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီက အပြင်ထွက်ခွင့်နှင့် ဈေး၀ယ်ချိန်များ ကန့်သတ်ကြောင်း မြို့အနှံ့ လှည့်လည် ကြေညာထားသည်ဟု သိရသည်။

COVID-19 တတိယလှိုင်းကာလအတွင်း စစ်ကောင်စီက မန္တလေးမြို့ကို ကန့်သတ်ထားသည့် နည်းတူ ပြင်ဦးလွင်မြို့တွင်လည်း ပြုလုပ်လာခြင်းဖြစ်သည်ဟု ‌မြို့ခံတို့က မှတ်ချက်ပြုပြောဆိုသည်။

ပြင်ဦးလွင်မြို့တွင် အသွားအလာကန့်သတ်မှုကို လာမည့်သြဂုတ်လ ၂၃ ရက်တွင် စတင်မည်ဖြစ်သည်။

“အပြင်ထွက်ချိန် ပြောင်းလိုက်တယ်လို့ လိုက်ကြေညာနေပါတယ်၊ မနက်ကို ၁၀ နာရီကနေ ၃ နာရီအထိ မထွက်ရဘူးဆိုလားပဲ၊ ထွက်ရင်ဖမ်းမယ် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အော်သွားကြတယ်။ မနက်ဖြန် စမယ်လည်းပြောတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက မြို့တွင်း ရပ်ကွက်များအတွင်း လှည့်လည်ကြေညာသည့် ကြေညာချက်ထဲတွင် နံနက်
၄ နာရီမှ နံနက် ၁၀ နာရီအထိတစ်ကြိမ်၊ နေ့လည် ၃ နာရီမှ ည ၇ နာရီထိ တစ်ကြိမ် စုစုပေါင် နှစ်ကြိမ်သာ အပြင်ထွက် ခွင့်ပြုမည်ဟု ပါဝင်သည်။

နိုင်ငံ့ဝန်ထမ်းများ၊ SOP အရ ခွင့်ပြုထားသည့်
ကုမ္ပဏီ၀န်ထမ်းများ၊ တာ၀န်နှင့် သွားလာရန် ခွင့်ပြုထားသူများ၊ ကျန်းမာရေးကိစ္စ ဆောင်ရွက်နေသူများကို စိစစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်စည်းကမ်းချက်များ ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ကြေညာကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီက မန္တလေးမြို့ကို Covid-19 အကြောင်းပြကာ သြဂုတ် ၁၆ ရက်ကစ၍ နံနက် ၉ နာရီ မှ နေ့လယ် ၃ နာရီခွဲအချိန်အတွင်း အစိုးရကိစ္စနှင့် ခိုင်လုံ​သော ကျန်းမာရေးကိစ္စမှအပ အပြင်ထွက်ခွင့်မပြုထားပေ။

စစ်ကောင်စီက သတ်မှတ်ချက် စည်းကမ်းဖောက်ဖျက်သူများအား ထောင် ၆လထိ ချမှတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။

Credit – Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*