ပြည်သူကိုသတ်ဖြတ်‌တာ လက်မခံနိုင်တာ‌ကြောင့် ပြည်သူ့ ဘက်ကရပ်တည်လိုက်တဲ့ အမျိုးသမီးစစ်သည်

ပြည်သူကိုသတ်ဖြတ်‌တာ လက်မခံနိုင်တာ‌ကြောင့် ပြည်သူ့ ဘက်ကရပ်တည်လိုက်တဲ့ အမျိုးသမီးစစ်သည်

ရန်ကုန်၊ သြဂုတ် ၂၁

အာဏာသိမ်းစစ်ကောင်စီတပ်မှထွက်ခွာပြီး ပြည်သူလူထုဘက်ပြောင်းလဲခိုလှုံလာတဲ့ တပ်မတော်သားတွေအထဲ အမျိုးသမီးစစ်သည်တစ်ဦးပါဝင်လာပါတယ်။

သူမဟာ တပ်မတော်မှတ်တမ်းဌာနက ကိုယ်ပိုင်အမှတ် မ-၄၉၃၃ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းဖြစ်ပြီး အခုဆိုရင် လုံခြုံတဲ့ တောတွင်းတစ်နေရာကိုရောက်ရှိနေပြီလို့ People’s Soldiers ကဒီကနေ့ သြဂုတ်လ ၂၁ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုလိုအာဏာသိမ်းစစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်ကိုပြောင်းလဲခိုလှုံလာရတဲ့အကြောင်းနဲ့ပက်သက်ပြီး သူမကိုယ်တိုင်ရေးသားထားတဲ့စာထဲမှာတော့ ဆန္ဒပြပြည်သူလူထုကို ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်တာကိုလက်မခံနိုင်ဘဲ ပြည်သူ လူ ထုအမုန်းကိုမခံနိုင်လို့အခုလိုစွန့်ခွာလာကြောင်းဆိုထားပါတယ်။

ဒါ့အပြင် တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းက

“စစ်သမီးတွေကိုတစ်ခုပြောချင်တာကတော့ မျက်စိဖွင့်နားကိုစွင့်ပြီးပြည်သူတွေဘက်မှကိုယ်ချင်းစာပေးပါ၊ ပြည်သူတွေရဲ့ခံစားချက်ကိုနားလည်ပေးပါ။စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုကိုခံစားနေရသူတွေကို မိမိရဲ့ညီအစ်ကိုဆွေမျိုးသားချင်းတွေရဲ့နေရာမှာအစားထိုးပြီး ပြည်သူတွေရဲ့ခံစားချက်ကိုနား လည်ပေးပါလို့ပြောချင်ပါတယ်”

လို့ ဆိုပြီး သူမရဲ့စာမှာရေးသားဖော်ပြထားပါတယ်။
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*