ဖဆပလအစိုးရလက်ထက် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ဇနီးဖြစ်သူ ဒေါ်နုနုဆွေ ကွယ်လွန်

ဖဆပလအစိုးရလက်ထက် ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ဇနီးဖြစ်သူ ဒေါ်နုနုဆွေ ကွယ်လွန်

 

ဩဂုတ် ၂၄-၂၀၂၁

KK(VOM)

 

ဖဆပလအစိုးရလက်ထက် နိူင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးဗဆွေရဲ့ ဇနီးဖြစ်သူ ဒေါ်နုနုဆွေဟာ ဒီကနေ့မနက် အစောပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ကန်သာယာဆေးရုံမှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

 

၁၉၄၅ ခုနှစ်မှာ ဂျပန်ကိုမတော်လှန်မီ ကာလအတွင်း ဝန်ကြီးချုပ်ဦးဗဆွေဟာ ကွန်ဗင့်ကျောင်းသူ နုနုဆွေနဲ့ ၁၉၄၅ ခုနှစ်၊နိုဝင်ဘာလမှာ လက်ထပ်ခဲ့ပြီး သားသမီး(၁၀)ယောက် ထွန်းကားခဲ့ပါတယ်။

 

နိူင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးဗဆွေကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့ နဲ့ မိုင်ငါးဆယ် ကွာဝေးသော အုံးပင်ကွင်းရွာမှာ ဦးထွန်းလှိုင်၊ဒေါ်ပဲလေးတို့မှ ၁၉၁၅ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်တွင်မွေးဖွားခဲ့ပြီး ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် အသက် ၇၃ နှစ် အရွယ်မှာ ရန်ကုန်မြို့ ဟုမ်းလမ်း နေအိမ်တွင် ကွယ်လွန်ခဲ့ပါတယ်။

 

ဖဆပလအစိုးရလက်ထက်တွင် ဦးဗဆွေကို

နိူင်ငံရေးသမားအများစုက ကျားကြီးဗဆွေလို့ခေါ်ကြပြီး မြန်မာနိူင်ငံရဲ့ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်သလို အရပ်သားကာကွယ်ရေးဝန်ကြီးလည်းဖြစ်ပါတယ်။

 

ဦးဗဆွေကွယ်လွန်ချိန်မှာ သားသမီးတွေကျန်ခဲ့ပြီး အရေးအခင်းတွေမှာဝင်ပါခဲ့လို့ သမီးသုံးယောက်ထောင်ကျခဲ့ပြီး သားဖြစ်သူ ဦးနေဖူးဗဆွေကတော့ စမ်းချောင်းမှာ ၂၀၂၀ ရွေးကောက်ပွဲက အနိူင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပဲ ဖြစ်ပါတယ်။

 

သင်္ဃန်းကျွန်းမြို့နယ် စံပြစီမံကိန်းရပ်ကွက် စံပြ(၄)လမ်းမှာရှိတဲ့ ရန်မျိုးအောင်စေတီကို ဦးဗဆွေ

နဲ့ဒေါ်နုနုဆွေတို့က ဦးစီးတည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်ဖြစ်ပါတယ်။

 

၁၉၂၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ နိူင်ငံတော်ဝန်ကြီးချုပ်ဟောင်း၊ကာကွယ်ရေးဝန်ကြီးရဲ့ ဇနီးဒေါ် နုနုဆွေဟာ ကွယ်လွန်ချိန်မှာ အသက်၁၀၀ရှိပြီဖြစ်ပါတယ်။

 

Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*