ကရင်ပြည်နယ် ဘားအံမြို.နယ် တကောင်ဘိုးကျေးရွာအုပ်စု ကုန်းတန်းကြီးကျေးရွာအနီးမှာ KNU နဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ BGF တို့အကြား ဇူလိုင်လ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘားအံမြို့နယ်မှာ KNU နဲ့ BGF တို့ တိုက်ပွဲဖြစ်ပွား

မဇ္စျိမ

ကရင်ပြည်နယ် ဘားအံမြို.နယ် တကောင်ဘိုးကျေးရွာအုပ်စု ကုန်းတန်းကြီးကျေးရွာအနီးမှာ KNU နဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ BGF တို့အကြား ဇူလိုင်လ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

KNLA တပ်ရင်း (၁) နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်ရင်း (၁၀၁၄) တပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ KNU သထုံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း နှစ်ဘက်ကျဆုံးသူ မရှိပေမယ့် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ကလည်း ဘားအံမြို့နယ် တကောင်းဘိုးကျေးရွာအုပ်စု မီးပုံးကျေးရွာအနီးမှာ KNLA နဲ့ အာဏာသိမ်း စစ်ကောင်တပ်တို့အကြား တစ်နာရီနီးပါးကြာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

(KNU စစ်သားတစ်ဦး၊ ဓာတ်ပုံအဟောင်း)

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*