ဘော်လခဲမြို့နယ်အတွင်း စစ်ကောင်စီမှ တပ်အင်အားတိုးချဲ့လာ၍ ကရင်နီပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်

ဘော်လခဲမြို့နယ်အတွင်း စစ်ကောင်စီမှ တပ်အင်အားတိုးချဲ့လာ၍ ကရင်နီပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၉

ကယားပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့ရှိ တပ်ရင်းများမှ စစ်ကားများသည် ဘော်လခဲမြို့နယ်အတွင်း ဝင်ရောက်အင်အားဖြည့်တင်းနေပြီး အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကလိလျားကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF မှ သတင်းထုတ်ပြန်သည်။

နန်းဖဲ ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်မ ၆၆ မှ အင်အား ၂၀၀ ခန့်သည် ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် တော်ခူကျေးရွာသစ်ဘက်သို့ ထိုးစစ်ဆင်လာသောကြောင့် ကရင်နီတပ်မတော် (KnA), KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

စစ်ကောင်စီဘက်မှ အကျအဆုံးများရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ စစ်ကောင်စီမှ အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လျှက်ရှိကြောင်း KNDF မှ ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*