မင်းကင်းမြို့ အမြန်ရေယာဉ်ဆိပ်တွင် အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မင်းကင်းမြို့ အမြန်ရေယာဉ်ဆိပ်တွင် အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မင်းကင်း၊ သြဂုတ် ၁၇
News Ambassador

ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က မင်းကင်းမြို့နယ် အမြန်ရေယာဉ်ဆိပ်ကမ်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျွန်းတော်အနောက်ရွာနေ ကိုဇော်မျိုးမြင့်ဆိုသူသည် Mask ကိုချွတ်၍ ကွမ်းဝါးနေစဉ် စစ်ကောင်စီတပ်သား ၂ ဦး၊ အရပ်ဝတ်နှင့် ဓားရှည်ကိုင်ထားသူတစ်ဦးတို့ ရောက်လာပြီး Mask မတပ်သဖြင့်ဟုဆိုကာ ရိုက်နှက်၍ ဦးခေါင်းကိုချိန်ကာ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း၊ ယင်းအချိန်တွင် အနီးနားရှိအမျိုးသမီးတစ်ဦးကိုလည်း ထပ်မံပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။

“အမျိုးသမီးက ရေယာဉ်ဂိတ်ကို ပန်းသွားပို့တာပါ။ မင်းစားရွာက။ သတင်းထွက်နေသလို သွေးလန့်သေတာမဟုတ်ပါဘူး။ သေနတ်မှန်တာပါ” ဟု သေဆုံးသူအမျိုးသမီးနှင့် နေရပ်တူသည့် ဒေသခံကပြောသည်။

သေဆုံးသူ အမျိုးသားသည်လည်း အီလက်ထရောနစ်ပစ္စည်းပြုပြင်သူတစ်ဦးသာဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားနှင့် အတူပါလာသည့် ဓားရှည်ကိုင်အရပ်ဝတ်လူက လူစုခွဲခိုင်းခဲ့ကြောင်း ဒေသခံ၏ အဆိုအရ သိရသည်။

ပုံစာ- ပုံအဟောင်းသုံးထားပါသည်။
Photo-CJ

Be the first to comment

Leave a Reply

Your email address will not be published.


*