မင်းတပ်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်သား ၂၀၀ ခန့် ​​သေဆုံးဟု CDFထုတ်ပြန်

မင်းတပ်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်သား ၂၀၀ ခန့် ​​သေဆုံးဟု CDFထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဧပြီလ ၂၄ ရက်နေ့ကနေ ဇွန်လ ၈ ရက်နေ့ထိ တစ်လခွဲ ရက်အားဖြင့် ၄၅ ရက် တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ခန့် ​သေဆုံးခဲ့ပြီး စစ်ကား ၆ စီးကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့​ကြောင်း ဇူလိုင်လ ၁၉ ရက်နေ့မှာ CDF က သတင်းထုတ် ပြန်ပါတယ်။

မင်းတပ်မြို့မှာ ဧပြီလ ၂၄ ရက်နေ့က “We Support NUG” စာတမ်းကပ် သပိတ်ပြုလုပ်သူတွေကို ဖမ်းဆီးပြီးအပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်ရာကစတင်ကာ စစ်ကောင် စီအကြမ်းဖက်တပ်တွေနှင့် CDF-မင်းတပ် တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီး ဆွေးနွေးညှိနှိုင်းတာတွေ နှစ်ကြိမ်ထက်မနည်း ရှိခဲ့ပေမယ့် စစ်ကောင်စီဖက်က စတင်ဖောက် ဖျက်တာကြောင့် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

တစ်လခွဲကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ဖြစ် ပွားခဲ့ပြီး တိုက်ပွဲတွေအတွင်းမှာ CDF မင်းတပ်ဘက်က ၂၄ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာရှင်အမြစ်ဖြတ်‌​ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေးတွေမှာ ကျဆုံးခဲ့တဲ့ ကျဆုံးအာဇာနည်သူရဲ‌​ကောင်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းလည်း အမည်၊ တိုက်ပွဲဖြစ်ရာ‌​နေရာ၊ ကျဆုံးရက်စွဲနဲ့တကွ ‌ဂုဏ်ပြုဖော်ပြထားပါတယ်။

မင်းတပ်မြို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ သောင်းနဲ့ချီရှိပြီး လက်ရှိမှာတော့ ကုလသမဂ္ဂ (UNHCR) ရဲ့ အကူအညီတွေလည်း ပထမအကြိမ်အဖြစ် ရောက်ရှိနေပြီဖြစ်ပါတယ်။

မျက်​မှောက်​ခေတ်
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*