မင်းတပ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်များ ဖောက်ထွင်းကာ ငွေကြေး ပစ္စည်းများ ခိုးယူပြီး ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီး

မင်းတပ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်များ ဖောက်ထွင်းကာ ငွေကြေး ပစ္စည်းများ ခိုးယူပြီး ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီး

ရန်ကုန်၊ သြဂုတ် ၂ဝ

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ သရက်ကုန်း နှင့် ထုံကိန်း ကျေးရွာတို့တွင် သြဂုတ်လ ၁၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်ကြောင်းများ ဝင်ရောက်လာကာ ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းပြီး ငွေကြေးများခိုးယူကာ ပစ္စည်းများကို ဖျက်ဆီးခြင်းများလုပ်ဆောင်ပြီး ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက် အရသိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယမန်နေ့က ထုံကိန်းကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် ကျေးရွာသူ ကျေးရွာသားများ ထွက်ပြေး တိန်းရှောင်နေချိန်တွင် ရွာထဲရှိ နေအိမ်းများကို ဖောက်ထွင်းခဲ့ခြင်းဖြစ်ပြီး
ငွေကြေး ပစ္စည်းများကို ခိုးယူခဲ့ခြင်းဖြစ်ကာ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့နယ် မြောက်ဘက်ခြမ်းရှိ အိမ်ခြေ ၁၄ အိမ် ဝန်းကျင်သာရှိသည့် သရက်ကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာရှိ ပြည်သူပိုင် ဆိုင်ကယ် ၆ စီးကို မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*