မင်းတပ်တွင် CDFနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံး ၁၅ ဦးဒဏ်ရာရ

မင်းတပ်တွင် CDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံး ၁၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၅

ချင်းပြည်နယ်၊ မင်းတပ်နှင့် မတူပီအကြား ဩဂုတ် ၁၅ ရက်နေ့ ယနေ့ ဖြစ် ပွားသည့် CDF နှင် စစ်ကောင်စီတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ၁၅ ဦးအပြင်းအထန် ဒဏ်ရာရရှိကြောင်း CDF-Mindatက တရားဝင်သတင်း ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲတွင် CDF-Mindat ဘက်မှ အထိအခိုက်မရှိဘဲ ယမန်နေ့က ဖြစ်ပွားသည့် ၁၄ မိုင်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား အနည်းဆုံး ၇ဦးသေဆုံးခဲ့ပြီး CDF-Mindat ဘက်တွင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ ၁၆ မိုင်တိုက်ပွဲတွင် စစ်ကောင်စီက ပြည်သူနေအိမ် ၂လုံးကို မီးရှို့သွားကြောင်း၊ စစ်ကောင်စီတပ်က အင်အား တိုးချဲ့နေကြောင်း ချင်းသတင်းရင်းမြစ်များ၏ သတင်း ဖော်ပြချက်အရ သိရှိရသည်။

Khit Thit Media
======

ပြည်သူများထံမှ ဓာတ်အားခ မတရားကောက်ခံနေသော မကွေး မြို့သစ် လျှပ်စစ်မန်နေဂျာရုံးနှင့် ၆၆ ကေဗွီဓာတ်အားခွဲရုံများကို ဗိဿနိုးတပ်ဖွဲ့က ဗုံးခွဲ တိုက် ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၅

မကွေးတိုင်း၊ မြို့သစ်မြို့ပေါ်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနဲ့ မြို့သစ်-နတ်မောက်ကားလမ်းပေါ်ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွေမှာ သြဂုတ်လ ၁၅ ရက်နေ့ည ၈ ခွဲဝန်းကျင်က ဗုံးပေါက်ခဲ့တယ်လို့ သိရပါတယ်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်၊ မြို့သစ်မြို့က မြို့သစ်လျှပ်စစ်မန်နေဂျာရုံးနဲ့ ဓာတ်အားခွဲရုံတွေမှာ ဗုံးပေါက်ကွဲတာဟာ ပြည်သူတွေဆီက မီတာခတွေကောက်ခံနေတာကိုရပ်တန့်ဖို့အတွက် ကနဦး ဗုံးခွဲတိုက်ခိုက်တာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က ပြောပါတယ်။ ထိခိုက်ပျက်စီးမှုစာရင်းကို ဆက်လက်စုံစမ်းနေပါတယ်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*