မင်းတပ်မြို့အတွက် စစ်ကောင်စီကပို့သေ ာ အောက်ဆီဂျင်စက်များရောက်ရှိ၊ တိုက်ပွဲများလည်းဖြစ်

မင်းတပ်မြို့အတွက် စစ်ကောင်စီကပို့သော အောက်ဆီဂျင်စက်များရောက်ရှိ၊ တိုက်ပွဲများလည်းဖြစ်

မင်းတပ်/ဇူလိုင် ၂၂

ချင်းပြည်နယ် မင်းတပ်မြို့အတွက် အောက်ဆီဂျင်စက်သယ်ဆောင်လာသောစစ်ကားလေးစီးဆေးရုံဝန်းထဲရောက်ရှိသည့်တချိန်တည်း မင်းတပ်မြို့နယ်ထဲက ရမ်းချောင်းရွာအနီး စစ်ကောင်စီတပ်နှင့် မင်းတပ်မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (CDF)တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

” မင်းတပ်ဘက်ကို ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး နေရာစုံကနေ စကစ စစ်ကြောင်းတွေ ခြေလျင်နဲ့ကော ကားတွေနဲ့ကော တက်လာကြတယ်။ နှစ်ဘက်သဘောတူညီချက်တွေပျက်ပြားတာနဲ့တပြိုင်နက် သူတို့တွေတက်လာကြတာ။ စစ်ဘေးရှောင်စခန်းက ရွာကဒုက္ခသည်တွေ aတာ်တော်လေးစိုးရိမ်နေကြတယ် ။သူတို့ချီလာတဲ့လမ်းကြောင်းတွေက မင်းတပ်မြို့ပေါ်ဆိုတာထက်စစ်ဘေးရှောင်အများဆုံးရှိ တဲ့ရွာကြီးတစ်ရွာကိုဦးတည်နေတယ်လို့ယူဆရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုမနက်ပိုင်းတွင် မင်းတပ်မြို့ထဲသို့ စစ်ယာဉ်တန်းအများအပြားလည်း ဝင်ရောက်လာသည်ကိုမြင်တွေ့ရသည်။

စစ်ကောင်စီဘက်မှ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊တွန်းဇံမြို့နယ်များကိုလေကြောင်းဖြင့် အောက်ဆီဂျင် စက်များပို့ဆောင်ပေးနေသည်ဟုပါရှိသည်။။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*