မင်းတပ်မြို့ မြောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် CDF တပ်ဖွဲ့များ ယနေ့ညနေတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီမှ စစ်မျက်နှာ သုံးခုဖွင့်ကာ ထိုးစစ်ဆင်နေ

မင်းတပ်မြို့ မြောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် CDF တပ်ဖွဲ့များ ယနေ့ညနေတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီမှ စစ်မျက်နှာ သုံးခုဖွင့်ကာ ထိုးစစ်ဆင်နေ

ရန်ကုန်၊ သြဂုတ် ၁၆

ချင်းပြည်နယ်၊ မင်းတပ်မြို့မြောက်ဘက်ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီများ ထိုးစစ်ဆင်ဝင်ရောက်လာမှုကြောင့် ယနေ့ သြဂုတ်လ ၁၆ ရက် ညနေတွင် မင်းတပ် CDF တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း မင်းတပ် CDF ထံမှ သိရသည်။

“လွန်ခဲ့တဲ့ ၁ နာရီ လောက်စပြီး ခု ညနေ ၆ နာရီအထိ တောက်လျှောက် ပစ်ခတ်မှုတွေဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်” ဟု မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

လက်ရှိ ရာသီဥတုဆိုးဝါးနေသောအချိန်တွင် တဖက်နှင့် တဖက် ပစ်ခတ်သံများအဆက်မပြတ်ထွက်ပေါ်နေပြီး တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်းသိရသည်။

ယမန်နေ့က မင်းတပ်-မတူပီလမ်း မိုင်တိုင် ၁၆ တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့နံနက်တွင် မင်းတပ်မြို့ အနောက်ဖက်ခြမ်းတွင်လည်း မင်းတပ် CDF နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ စစ်မျက်နှာ သုံးခုဖွင့်ကာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထိုးစစ်ဆင်လျှက်ရှိသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*