မင်းတပ်၊ ပလိပ်ထွီရွာတိုက်ပွဲတွင် CDF မင်းတပ် တပ်ဖွဲ့ဝင် ၂ဦး ကျဆုံး

မင်းတပ်၊ ပလိပ်ထွီရွာတိုက်ပွဲတွင် CDF မင်းတပ် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

 

ရန်ကုန်၊ သြဂုတ် ၂၆

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ ပလိပ်ထွီကျေးရွာ အနီးတွင် သြဂုတ်လ ၂၅ ရက် ယမန်နေ့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် စစ်ကောင်စီနှင့် CDF မင်းတပ်တို့ကြား တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

 

၁ ဦးကတော့ ဝမ်းဗိုက်ထိ ဒဏ်ရာနဲ့ ကျဆုံးကြောင်း နောက်ထပ်တစ်ဦးမှာ ပျောက်ဆုံးနေခဲ့ပြီး ယနေ့နေ့လယ်ပိုင်းတွင် တောတွင်းတနေရာ၌ သေနတ်ဒဏ်ရာနှင့် တွေ့ရှိခဲ့ကြောင်း ကိုယောမန်မှ ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

ယနေ့ ပြန်လည်တွေ့ရှိခဲ့သည် CDF တပ်ဖွဲ့ဝင်သည် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမှ ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်သွားသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ယင်းသတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အလောင်းကို ပြန်လည်ရှာတွေ့ချိန်တွင် သေနတ်ကျည်ဒဏ်ရာတစ်ခုနဲ့သာ သေဆုံးကြောင်း ကိုယောမန်ထံမှ သိရသည်။

 

အဆိုပါ ပလိပ်ထွီ တိုက်ပွဲတွင် CDF မင်းတပ်မှ ၂ ဦးကျဆုံးပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား အကျအဆုံးစာရင်းကို လတ်တလော မသိရှိနိုင်သေးပေ။

Be the first to comment

Leave a Reply

Your email address will not be published.


*