မင်းတပ် ဝမ္မသူးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်များ ဝင်ရောက် ရမ်းကားပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်စီးကာ တန်ဖိုးကြီး ပစ္စည်းများ ယူဆောင်ပြီး ဆေးရုံရှိ ရိက္ခာများလည်း စားသောက်သွား 

မင်းတပ် ဝမ္မသူးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်များ ဝင်ရောက် ရမ်းကားပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်စီးကာ တန်ဖိုးကြီး ပစ္စည်းများ ယူဆောင်ပြီး ဆေးရုံရှိ ရိက္ခာများလည်း စားသောက်သွား

 

ရန်ကုန်၊ သြဂုတ် ၂၃

 

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးကျေးရွာကို သြဂုတ်လ ၂၁ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက် ရမ်းကားခဲ့ပြီး ကျေးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်စီးကာ တန်းဖိုးကြီး ပစ္စည်းများယူဆောင်သွားပြီး ရွာဆေးရုံတွင်လည်း သူနာပြုဆရာမများ၏ ရိက္ခာများလည်း စားသောက်သွားကြောင်း ဒေသခံပြည်သူများ ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။

 

” အကြမ်းဖက် စကစတပ်တွေက ဝမ္မသူးရွာမှာရှိတဲ့ လူနေအိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီးတာတွေ စားသောက်ကုန်တွေကို ဖျက်ဆီးတာတွေ တန်ဖိုးရှိ ပစ္စည်းတစ်ချို့ ကို ယူဆောင်သွားတယ်။ နေအိမ် တစ်ချို့ကို အိမ်တံခါးတွေ ဖျက်ဆီးပြီး ပစ္စည်းတစ်ချို့သွားတယ်။ တစ်ချို့ အိမ်မှာ တပ်စွဲ နေထိုင်တာတွေရှိတယ် ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်သည် ဝမ္မသူးကျေးရွာ ဆေးရုံထဲ တွင်လည်း တပ်စွဲ နေထိုင်ခဲ့ပြီး သူနာပြု ဆရာမများ၏ ရိက္ခာများ အသုံးအဆောင် ပစ္စည်းများကို အသုံးပြုကာ ပစ္စည်းတစ်ချို့ ယူဆောင်သွားပြီးကြောင်း သိရသည်။

 

” ဝမ္မသူးရွာကိုဝင်ဖျက်ဆီးတယ်။ နောက် ခွီးရန်ရွာမှာ ဝင်သောင်းကျန်းပြီး အဲဒီရွာကနေ ထွက်လာပြီ၊ တိုက်ပွဲအခြေအနေကတော့ လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တွေ တောတောင်ထဲမှာ တူတူပုန်းတမ်းကစားသလို ဖြစ်နေတယ်” ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*