မင်္ဂလာဒုံမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး

မင်္ဂလာဒုံမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး

 

ရန်ကုန်၊ ဩဂုတ် ၂၃

 

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၏ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မြတ်သူသည် ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း NLD သတင်းရပ်ကွက်က အတည်ပြုပြောဆိုသည်။

 

“ရှောင်နေတဲ့ နေရာမှာ အဖမ်းခံလိုက်ရတာ။ မခင်မြတ်သူနဲ့ သူ့အမျိုးသားပါ အဖမ်းခံလိုက်ရပါတယ်။ နောက်ပြီး NLD လူငယ်တွေလည်း အဖမ်းခံလိုက်ရတယ်။ ဘယ်မှာ ဖမ်းဆီးထားလဲဆိုတာ မသိဘူး လောလောဆယ်တော့။ နေရာအတိအကျ သတင်းအတိအကျနဲ့ ဝင်ဖမ်းတာ” ဟု NLD ပါတီ၏ မင်္ဂလာဒုံမြို့နယ် ပါတီဝင်တစ်ဦးက​ ပြောသည်။

 

ဒေါ်ခင်မြတ်သူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်သူ လူထုက ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*