မန္တလေးဆေးတက္ကသိုလ်မှ ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးသွား

မန္တလေးဆေးတက္ကသိုလ်မှ ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးသွား

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးဆေးတက္ကသိုလ်မှ ဒေါက်တာကျော်ကျော်သက်ကို စစ်ကောင်စီတပ်များက ဇူလိုင်လ ၁၃ ရက်နေ့တွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း မန္တလေး ကျန်းမာရေးအသိုင်းအ၀ိုင်းက တရားဝင် သတင်းထုတ်ပြန်သည်။

မန္တလေးဆေးတက္ကသိုလ်တွင် စာသင်နှစ်တိုင်း ဂုဏ်ထူးထွက်သော စာအသင်အပြကောင်းသော၊ ပြင်ပစာများ လေ့လာလိုက်စားသော ထူးချွန် ကျောင်းသားဖြစ်ခဲ့ပြီး ရှားပါး ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ ဆေးကျောင်းပြီးသည့်နောက်မှာလည်း ပရဟိတ ဆေးခန်းများ၊ လူမှုရေးလုပ်ငန်းများမှာလုပ်ကိုင်ရင်း ဆေးကျာင်းသူ ကျောင်းသားများအတွက် ပညာဒါန များစွာ ပြုလုပ်ခဲ့သူဖြစ်ကြောင်း ၊ တစ်ဖက်မှာလည်း မုဆိုးမ မိခင် နှင့် ညီမလေးကို ဆေးကု၊ စာပြပြီး လုပ်ကျွေးနေရှာသည့်ဆရာဝန်တစ်ဦးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

“အခုဆို Dr. ကျော်ကျော်သက်ဟာ ဇူလိုင်လ (၁၃) ရက်၊ ညအချိန်မတော်မှာ စစ်ကောင်စီရဲ့ မတရား ရိုက်နှက်ဖမ်းဆီးတာ ခံထားရပါတယ်။ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကို မသိရပါဘူး။ ဘယ်နေရာမှာ Dr. ကျော်ကျော်သက် ရှိနေတယ်ဆိုတာကို မိသားစုဝင်တွေလည်း မသိရပါဘူး။ Dr. ကျော်ကျော်သက်ဟာ နွေဦးတော်လှန်ရေးရဲ့ တိုက်ပွဲတွေအများကြီးကြားမှာ စိတ်ဓာတ်ခွန်အားတွေကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ပေးခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍမှာလည်း ကျရာတာဝန်ကို ထမ်းရင်း၊ စီနီယာ၊ ဂျူနီယာများရဲ့ လုံခြုံရေးကို အသက်တမျှ တန်ဖိုးထား စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီနွေဦးမှာပဲ သူ့ရဲ့ နှစ်ကာလအကြာကြီး ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းကိုလည်း စစ်ကောင်စီရဲ့ လူမဆန်မှုများစွာကြောင့် ဆုံးရှုံးထားရပါတယ်” ဟု မန္တလေးကျန်းမာရေးအသိုင်းအ၀ိုင်းက ထုတ်ပြန်ထားသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*