မန်းစည်ပင်ပိုင် နိုင်လွန်ကတ္တရာစက်ရုံ ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်

မန်းစည်ပင်ပိုင် နိုင်လွန်ကတ္တရာစက်ရုံ ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်

မဇ္ဈိမ ၊ဇူလိုင် ၂၀

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် နိုင်လွန်ကတ္တရာစက်ရုံ ဇူလိုင်လ ၂၀ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲသံနှင့်အတူ Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲသံနှစ်ချက်ကြားအပြီး မီးလောင်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

ယခုမီးလောင်သည့် စက်ရုံသည် ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်း ဆင်ဖြူတော်စက်ရုံနားတွင် တည်ရှိသည့် နိုင်လွန်ကတ္တရာစက်ရုံဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ် ဇူလိုင်လ ၁၄ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်က မန္တလေးစည်ပင်သာယာရေးကော်မတီပိုင် စည်ပင်မော်တော်ယာဉ်ဌာနမှာ အလားတူ ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ရာ မန္တလေးစည်ပင်ပိုင်ဌာနနှစ်ခုမှာ တစ်ပတ်အတွင်း မီးလောင်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။

ယနေ့ မီးလောင်မှုမှာ ၁၀မိနစ်ခန့်ကြာပြီး နိုင်လွန်ကတ္တရာအပူပေးစက် မီးလောင်ပျက်ဆီးခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ၅ သိန်းခန့်ဟုဆိုသည်။ ပြီးခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆီပေပါများနှင့်အတူ ဆီသယ်ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့သည်။

Photo – CJ
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*