မလွဲမသွေ တိုက်ပွဲဝင်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ မရပ်မနားဆောင်ရွက်နေကြောင်း NUG ယာယီသမ္မတပြောကြား

မလွဲမသွေ တိုက်ပွဲဝင်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ မရပ်မနားဆောင်ရွက်နေကြောင်း NUG ယာယီသမ္မတပြောကြား

Aug 17.2021
နေ့စဉ်သတ်ဖြတ်ခံနေရသည့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်အား ကာကွယ်ရန် မလွဲမသွေ တိုက်ပွဲဝင်ရမည်ဖြစ်သည့်အတွက် တာဝန်ရှိသူများက မရပ်မနား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း NUG ၏ ယာယီသမ္မတက ပြောသည်။

ဩဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁)တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲစတင်မည့်ရက် ညှိနှိုင်းသတ်မှတ်ပြီးသည့်အခါ NUG၏ အစိုးရအဖွဲ့ (cabinet)ကို ပြန်လည်တင်ပြ၍ ဝိုင်းဝန်း ဆုံးဖြတ်သွားမည်ဟုလည်း ပြောသည်။

အဆိုပါအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN က ဆက်လက်ခန့်ထားရေးကိစ္စရပ်နှင့် အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လာရောက်သည့်အခါ NUG အနေဖြင့် တွေ့ဆုံဆွေးနွေးရန် မူဝါဒများ ချမှတ်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ကိုဗစ်ကာကွယ် ကုသရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ချက်များနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များပါ ဆွေးနွေးခဲ့ကြကြောင်း NUG မှထုတ်ပြန်ထားခြင်းဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*