မန္တ​လေးတိုင်း မိုးကုတ်မြို့တွင် ယနေ့ သြဂုတ် ၂၂ရက် ညနေ ၃နာရီ ဝန်းကျင်က စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲကားတစ်စီး ပျက်စီးသွားခဲ့သည်။

မိုးကုတ်တွင် ဗုံး‌ပေါက်ကွဲ၍ ရဲကားပျက်စီး

ဩဂုတ် ၂၂၊ The Nation Voice

မန္တ​လေးတိုင်း မိုးကုတ်မြို့တွင် ယနေ့ ( သြဂုတ် ၂၂ရက်) ညနေ ၃နာရီ ဝန်းကျင်က စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲကားတစ်စီး ပျက်စီးသွားခဲ့သည်။

“ရပ်ထားတဲ့ ရဲကားပေါက်ကွဲတာ၊ ထောင်ထားတဲ့ ဗုံးကကွဲတာ ၊ ဘယ်ကတည်းကလာ ထောင်ထားတာလည်း မသိဘူး။ ရဲကားတော့ ပျက်စီးသွားတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များသည် မင်းတံတားရပ်ကွက် အောင်မြေဘုန်းကြီးကျောင်း၌ သြဂုတ် ၂၁ရက် ညနေပိုင်းကတည်းက တပ်စွဲထားခြင်းဖြစ်သည်။

“အဲဒီနေရာက ခါတိုင်း လူအရမ်းစည်တယ်။ ဒီနေ့မှ ကံကောင်းလို့ လူတွေမရှိဘဲ ဆိုင်တွေ ပိတ်ထားတဲ့အချိန်ဖြစ်လို့ ၊ ပေါက်ကွဲတဲ့ အစတွေက အဝေးကြီးထိရောက်တယ်။ အိမ်ပြတင်းပေါက်တွေလည်း ကွဲသွားတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပေါက်ကွဲသည့်နေရာသည် မိုးကုတ်မြို့၏ လူစည်ကားသည့် အဓိကလမ်းမကြီးပေါ်တွင် ဖြစ်သည်။ အဆိုပါနေရာတွင် ဆေးခန်း ၊ကားဝပ်ရှော့ နှင့်ဈေးဆိုင် အများအပြားရှိပြီး မြို့၏စည်ကားသည့် နေရာတစ်ခုဖြစ်သည်။

Credit – Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*