မိုးကုတ်-ဘားနတ်လမ်း တောင်ပြိုကျကာ လမ်းပိတ်နေ၍ ကိုယ်ထူကိုယ်ထ ဖယ်ထုတ်ရှင်းလင်း

မိုးကုတ်-ဘားနတ်လမ်း တောင်ပြိုကျကာ လမ်းပိတ်နေ၍ ကိုယ်ထူကိုယ်ထ ဖယ်ထုတ်ရှင်းလင်း

Aug 15.2021

မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မိုးကုတ်မြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မိုးကုတ်-ဘားနတ်လမ်းတွင် ကျောက်တောင်ပြိုကျ၍ လမ်းပိတ်နေသည့်အတွက် ရက်ပိုင်းအတွင်း လမ်းပြန်ပွင့်ရန် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ရကြောင်း ဒေသခံထံကသိရသည်။

“ငါးနေရာလောက်ပိတ်သွားတာ၊ သုံးနေရာက မြေပြိုတယ်။ ကိုယ်ထူကိုယ်ထ ပြန်ရှင်းထုတ်ရတာပေါ့။ လမ်းရဲ့ နေရာတော်တော်များများမှာ တဖြတ်တဖြတ် ကျောက်တုံးတွေ ပြိုကျပြီး ပိတ်သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုရက်ပိုင်းတွင် ရာသီဥတုသာယာ၍ ဒေသခံများမှ လမ်းပြန်လည် သွားလာရလွယ်ကူစေရန် ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း၊ လက်ရှိအခြေအနေမှာ ယခင်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ‌သိရသည်။

မိုးကုတ်-ဘားနတ်အရပ်သည် ဆောင်းရာသီ ရေခဲရာအရပ်ဖြစ်ပြီး အလှဓာတ်ပုံများရိုက်ကူးနိုင်၍ ဒေသအနှံ့အပြားမှ ခရီးသွားပြည်သူများ စိတ်၀င်တစားရှိကြသည့် ဒေသတစ်ခုဖြစ်သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မိုးကုတ်မြို့ရှိ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ တစ်ချို့က မျှော်လင့်ထားကြသည်။ယင်းဒေသသို့ ခရီးသွားလာရ လွယ်ကူစေရန် လမ်းပန်းဆက်သွယ်ရေးအတွက် အဆင်ပြေနိုင်ရေးအတွက် လမ်းခင်းပေးရန် ပြည်သူ့အစိုးရလက်ထက်က ဒေသခံများ တောင်းဆိုထားကြကြောင်း သိရသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*