မိုးကြီး၍ မိုင်းယောင်းနှင့် မိုင်းပျဉ်းတွင် ပျက်ဆီးမှုများရှိ

မိုးကြီး၍ မိုင်းယောင်းနှင့် မိုင်းပျဉ်းတွင် ပျက်ဆီးမှုများရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းယောင်းနှင့် မိုင်းပျဉ်းမြို့နယ်များတွင် မိုးသည်းထန်စွာ ရက်ဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ပျက်ဆီးဆုံးရှုံးမှုများရင်ဆိုင်နေရသည်။

ဇူလိုင်လ ၁၈ ရက်နောက်ပိုင်းကစပြီး နေ့စဉ် မိုးကောင်းခဲ့ရာက မိုင်းယောင်း၊ မိုင်းပျဉ်းမြို့နယ်များတွင် တောင်ကျရေတိုက်စားမှုဖြစ်ကာ မိုင်းပျဉ်းမြို့နယ်ဆင်မောင်းရွာနှင့် ခုနှစ်မိုင်ရွာကြားမှာ လမ်းများပျက်စီးသွားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

” ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အခု လမ်းပိတ်သွားပြီ” လို့ ဒေသခံတစ်ဦးပြောပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း” ဒီလိုဖြစ်စဉ်က၁၉၉၄နှစ်လောက်က တစ်ခါဖြစ်ဖူးတယ်။လမ်းပိုင်းလည်းပျောက်သွားခဲ့တယ်” လို့ ပြောပါတယ်။

ဆက်သွယ်ရန်ခက်ခဲ၍ ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမသိရနိုင်သေးပါ။

ယခုရက်ပိုင်းတွင် မုတ်သုံလေအားကောင်းနေသလို တောင်တရုတ်ပင်လယ်ဘက်က မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်များက သတိပေးထားသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*