မုန့်ဟင်းခါးလောက်ပဲမဟုတ် ဖရဲသီးတွေလဲ လှိုင်လှိုင် ပေါနေပီဖြစ်တဲ့ ဂေါင်းကြီးတို့စစ်တပ် ( တပ်ပျက်ပြီလေ…)

မုန့်ဟင်းခါးလောက်ပဲမဟုတ် ဖရဲသီးတွေလဲ လှိုင်လှိုင် ပေါနေပီဖြစ်တဲ့ ဂေါင်းကြီးတို့စစ်တပ် ( တပ်ပျက်ပြီလေ…)

ဂေါင်းကြီးတို့စစ်တပ်က မုန့်ဟင်းခါးလောက်ပဲမဟုတ် ဖရဲသီးတွေလဲ လှိုင်လှိုင် ပေါနေပီနော့် ဒီနေ့ဖတ်ရတဲ့မိုတီဖြစ်ရတဲ့ သတင်းလေးတွေ စုပြီး တင်ပေးလိုက်တယ်

နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်၊ မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အစည်းအဝေးမှာ ပြောလိုက်တယ်

တဆက်တည်းမှာပဲ စစ်တပ်ထဲကနေ ထွက်ပြေးခွင့် ရမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အလံတိုင်ပဲ ကျန်ခဲ့လိမ့်မယ်လို့ ရန်ကုန်တိုင်းတွင်း တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးတစ်ဦးက Myanmar Now ကို ပြောသွားတယ်

ဇွန်လဆန်းကထိ CDM စစ်သား ၈၀၀ နီးပါးသာ ရှိပေမယ့် လက်ရှိချိန်မှာ CDM စစ်သား ၁၅၀၀ ကျော်လာပြီဖြစ်သလို နေ့စဉ် တပ်ထဲကနေ ဆက်သွယ်လာနေတဲ့ စစ်သည်တွေ အများကြီး ရှိနေဆဲဖြစ်တယ်လို့ CDM ဝင်ထားတဲ့ DSA အပတ်စဉ် ၅၄ ဆင်း ဗိုလ်ကြီးလင်းထင်အောင်က ပြောတယ်

တဆက်တည်းမှာပဲ ရှေ့ရက်တုန်းက ဆယ်လီတယောက် ပို့စ်ကြောင့် လိုင်းပေါ်မှာ ဟော့သွားတဲ့ CDM စစ်သားတွေနဲ့ NUG ကေ့စ်မှာ NUG ရဲ့ သဘောထားမဟုတ်ကြောင်း NUG အနေနဲ့ ယင်းဆယ်လီကို NUG မှာ နေရာပေးထားခြင်း မရှိဘူးလို့ CDM စစ်သား ညီသုတ မနေ့က ပို့စ်တင်ထားတယ်

တဆက်တည်းမှာ NUG အစိုးရအနေနဲ့ CDM စစ်သားတွေကို တတိယနိုင်ငံအထိ ခေါ်ဆောင်နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေပြီး ကိုဗစ်အခက်အခဲနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းရဦးမှာဖြစ်လို့
အာမခံချက်တော့မရသေးပါဘူးလို့ သူ့ပို့စ်မှာ ဆက်ရေးထားတယ်

စစ်ကောင်စီနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်တွင် ပြည်သူနှင့်အတူ ရပ်တည်ရန် ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းရှိကြောင်းလည်း
CDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောထားတယ်

Nway Oo Che

Be the first to comment

Leave a Reply

Your email address will not be published.


*