မုံရွာမြို့မှာ အဖမ်းခံရသည့် လူငယ်တစ်ဦး ၂၄နာရီမပြည့်ခင် အလောင်းလာထုတ်ရန် အကြမ်းဖက်အာဏာသိမ်းသူပုန်စစ်ကောင်စီတပ်မှ မိသားစုဝင်ထံ အကြောင်းကြား

မုံရွာမြို့မှာ အဖမ်းခံရသည့် လူငယ်တစ်ဦး ၂၄နာရီမပြည့်ခင် အလောင်းလာထုတ်ရန် အကြမ်းဖက်အာဏာသိမ်းသူပုန်စစ်ကောင်စီတပ်မှ မိသားစုဝင်ထံ အကြောင်းကြား

 

ဩဂုတ်၂၅ရက်

 

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊သလ္လာရပ်ကွက်မှာ နေထိုင်သည့်လူငယ်တစ်ဦး ဩဂုတ်၂၄ရက် ၉နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်များ နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားပြီး ဒီကနေ့ဩဂုတ်လ၂၅ရက်နေ့ ညနေ၄နာရီဝန်းကျင်မှာ မိသားစုကို အလောင်းလာထုတ်ယူရန် စစ်ကောင်စီကအကြောင်းကြားတယ်လို့ ဒေသခံတစ်ဦးက RNA ကိုပြောပါတယ်။

 

သေဆုံးသူအမျိုးသားကို အကြမ်းဖက်စစ်ကောင်စီမှ ကိုဗစ်ရောဂါဖြင့်သေဆုံးသွားလို့၎င်းနေအိမ်ကို အလောင်းလာယူရန် အကြောင်းကြားခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်မှရိုက်နှက်နှိပ်စက်လို့ သေဆုံးရတယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်တပ်မှ စစ်သားအချင်းချင်း ပြောဆိုကြတာတော့ ဖမ်းဆီးခံလူငယ်ကိုမိရင် ဘာလုပ်လိုက်ရမလဲလို့ပြောသည့်အချိန် နောက်တစ်ယောက်က ထုံးစံအတိုင်းလုပ်လိုက်ဆိုပြီး ပြောနေကြတယ်လို့ ခိုင်လုံတဲ့သတင်းရပ်ကွက်က ပြောဆိုတယ်။

 

ဩဂုတ်၂၄ရက်ည၉နာရီကနေ ဩဂုတ်၂၅ရက်နေ့ညနေ၄နာရီတန်းကျင်အထိ ၂၄နာရီမပြည့်သေးဘဲ အကြမ်းဖက်စစ်သူပုန်အုပ်စုရဲ့ ရိုက်နှက်မှုကြောင့်အဆိုပါလူငယ်တစ်ဦး သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

 

Monywa Entertainment နှင့် Pale Entertainment တို့သည် ညီနောင်မဟာမိတ် မီဒီယာကွန်ယက်တစ်ခုဖြစ်ပါသည်။

 

#pale_entertainment

Be the first to comment

Leave a Reply

Your email address will not be published.


*