မုံရွာမြို့ သလ္လာရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးသိန်းထွန်း ဓားထိုးခံရပြီး သေဆုံး

မုံရွာမြို့ သလ္လာရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးသိန်းထွန်း ဓားထိုးခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၀

မုံရွာမြို့၊ သလ္လာရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး ဦးသိန်းထွန်းကို ဇူလိုင်လ ၂၀ ရက်နေ့က အမည်မသိလူ‌တွေက ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်းမှာ ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုယူခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ဓားထိုးခံရတဲ့ ဒဏ်ရာကြောင့် ဦးသိန်းထွန်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

“နာရီပိုင်းပဲရှိဦးမယ်။ ရေကူးကန်လမ်းမှာလို့ကြားတယ်။ လိုင်ူပေါ်လည်း ပြန့်နေတာပဲ။ ဖြစ်စဉ်ကတော့ မှန်ပါတယ်။”လို့ သလ္လာရပ်ကွက်နေသူတဦးက အတည်ပြုပြောဆိုပါတယ်။

သေဆုံးသူက ယခုရက်ပိုင်းအတွင်း ကိုဗစ်‌အကြောင်းပြကာ အပြင်ထွက်ကတ်၊ ဈေးဝယ်ကတ်တွေ လုပ်ကြဖို့ ရပ်ကွက်ကို ဖိအားပေးစေခိုင်းနေတယ်လို့လည်း ​ဒေသခံ​တွေဆီက သိရပါတယ်။

အုပ်ချုပ်ရေးမှုးအဟောင်းဖြစ်ပြီး စစ်ကောင်စီကပြန်ခန့်တာကို လက်ခံခဲ့သူဖြစ်လို့ သူ့အိမ်ကိုလည်း ၃ ကြိမ်ထက်မနည်း ရပ်ကွက်က ဆန္ဒပြ သံပုံးတီးမောင်းထုတ်ခံရကာ အသံဗုံးတွေလည်း အိမ်ထဲ ပစ်သွင်းခံရတာတွေ ရှိခဲ့ပါသေးတယ်။ အသေးစိပ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

(မျက်မှောက်ခေတ်သတင်းဌာနသည် ရန်ကုန်​​ခေတ်သစ် ၏ မဟာမိတ်သတင်းဌာနဖြစ်သည်)

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*