မုံးကိုးဘက်သို့ ခိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်

မုံးကိုးဘက်သို့ ခိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်

တရုတ်-မြန်မာ နယ်စပ်ရှိ ဟေးစန်းမြစ်ဆိပ်မှ သံလွင်မြစ်အနောက်ဖက် မုံးကိုးဒေသသို့ ခိုးဝင်လာသည့် စစ်ကောင်စီတပ်များအား ကိုးကန့်တပ်မတော် (MNDAA)က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၃ ရက် မနက် ၉ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုးကန့်ဒေသသို့ ဆုတ်ခွာသွားကြောင်းသိရသည်။

တပ်ဆုတ်သွားရသည့် စစ်ကောင်စီစစ်ကြောင်းသည် လူသူအင်အားစုဆောင်းပြီး သံလွင်မြစ်အနောက်ခြမ်း မုံးကိုးဒေသဘက်တွင် စစ်အင်အားဖြည့်တင်းနေကြောင်း ကိုးကန့်ဘက်ကသတင်းထုတ်ပြန်ထားသည်။

လက်ရှိ သံလွင်မြစ်အနောက်ဖက် မုံးကိုးဒေသအခြေစိုက် MNDAA တပ်ဖွဲ့ဝင်များ အချိန်မရွေးထိုးစစ်ဆင်လာနိုင်သည့် စစ်ကောင်စီတပ်များကို အံတုတုန့်ပြန်ရန် ကြိုတင်ပြင်ဆင်ထားကြောင်းဆိုသည်။

ဩဂုတ်လ အစောပိုင်းတွင် စစ်ကောင်စီတပ်ရင်းတချို့နှင့် ပန်ဆိုင်းအခြေစိုက် MNDA တပ်ဖွဲ့ဝင်များ တိုက်ပွဲများစွာဖြစ်ပွားခဲ့ပြီး အိမ်နီးချင်းတိုင်းပြည်ထဲကိုလည်း လက်နက်ကြီးကျည်ဆံတွေကျရောက်ခဲ့ကြောင်း The Kokang သတင်းမှာဖော်ပြထားသည်။

Photo – The Kokang
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*