မူတြော်ခရိုင် (ဖာပွန်) မြို့နယ်အတွင်း စကစ တပ်ဖွဲ့နှင့် KNLA အမှတ် ၅ တပ်မဟာ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှု အခြေအနေ

မူတြော်ခရိုင် (ဖာပွန်) မြို့နယ်အတွင်း စကစ တပ်ဖွဲ့နှင့် KNLA အမှတ် ၅ တပ်မဟာ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှု အခြေအနေ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ မူတြော်သတင်းစဉ်

ယခုရက်ပိုင်းအတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်မှ (၂၂) ရက်နေ့အထိ မူတြော်ခရိုင်၊ (ဖာပွန်) ဒေသအတွင်းရှိ မြန်မာစစ်အာဏာရှင်အုပ်စု စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတိုက်ပွဲငယ် (၂၉) ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲငယ် (၂၉) ကြိမ်တွင် မြန်မာ့စစ်အာဏာရှင်အုပ်စု တိုင်းပြည်အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဖက်မှ (၂၆) ဦးကျဆုံးပြီး (၃၅) ဦး ဒဏ်ရာရရှိပါသည်။ ဒဏ်ရာရရှိသည့် (၃၅) ဦးထဲတွင် တပ်ရင်းမှူး (၁) ဦးပါ၀င်ပါသည်။ မြန်မာ့စစ်အာဏာရှင် အုပ်စု တိုင်းပြည်အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ ကားလည်း (၂) စီး ပျက်ဆီးသွားပါသည်။

(၉) ရက်အတွင်း တိုက်ပွဲငယ်ပေါင်း (၂၉) ကြိမ်ဖြစ်ပွားရာတွင် အရပ်သားပြည်သူလည်း ၁ ဦးသေဆုံးသွားပါသည်။ စစ်အာဏာရှင်အုပ်စု တိုင်းပြည်အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးအလုံး ၄၀ အရမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ ကျွဲ ၅ ကောင် လက်နက်ကြီးကျဉ်ဖြင့် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံကျေးရွာသူကြီးတစ်ဦး သတင်းပေးပို့လာပါသည်။

ထို့အပြင် ဖာပွန်မြို့၀င် တံတားလည်း မိုင်းခွဲဖေါက်ခွဲ၍ ကျိုးကျပျက်စီးကုန်ပါသည်။ မည်သည့်မည်ဝါ လက်ချက်ဟု ထုတ်ဖေါ်ပြောဆိုခြင်းမရှိသည့်အတွက်လည်း မည်သူမည်ဝါ လက်ချက်ဟု အတည်ပြု၍ မရသေးပါ။ မြန်မာစစ်အာဏာရှင်အုပ်စု တိုင်းပြည်အာဏာသိမ်းစစ်ကောင်စီ တပ်ဖက်မှ သူတို့ကို ကျောက်ပြီး ကျေးလက်တောရွာသို့ ထွက်ပြေးခိုလှုံနေသည့် ဖာပွန်မြို့နေ လူငယ်အချို့ကို စွပ်စွဲပြီး ၄င်းလူငယ်တို့၏ ဖခင်များကို ၄င်းတို့နေအိမ်တွင် သွားရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး အကြပ်ကိုင်နေသည်ဟု မြို့ခံပြည်သူအချို့ ပြောဆိုနေပါသည်။

KNU Department

Be the first to comment

Leave a Reply

Your email address will not be published.


*