မြန်မာနိုင်ငံရှိ ကိုဗစ်လူနာများအတွက် Oxygen Concentrator အလုံးရေ ၇ဝဝ ကို ဂျပန်အစိုးရ ထောက်ပံ့မည်

မြန်မာနိုင်ငံရှိ ကိုဗစ်လူနာများအတွက် Oxygen Concentrator အလုံးရေ ၇ဝဝ ကို ဂျပန်အစိုးရ ထောက်ပံ့မည်

မဇ္ဈိမ၊ ဇူလိုင် ၂၁

ဂျပန်အစိုးရမှ မြန်မာနိုင်ငံရှိ ကိုဗစ်လူနာများအတွက် Oxygen Concentrator အလုံးရေ ၇ဝဝ ကို ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး (UNOPS) မှတဆင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လကုန်ကတည်းက COVID-19 ရောဂါကြောင့် တစ်နေ့လျှင် လူရာပေါင်းများစွာ သေဆုံးနေခဲ့ပြီး ထိုသို့လျင်မြန်စွာယိုယွင်းလာနေသောအခြေအနေတွင် မြန်မာပြည်သူများအတွက် လိုအပ်သောကုသမှုများပေးနိုင်ရန် ထောက်ပံ့ရခြင်းဖြစ်သည်ဟု ဂျပန်သံရုံးက ထုတ်ပြန်သည်။

Oxygen Concentrator များကို COVID-19 လူနာများကို ကုသပေးနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုသရေးဌာနများဆီပို့ပေးသွားမည်ဟုဆိုသည်။

ထို့အပြင် ကိုဗစ်လူနာများကို အရေးပေါ်သယ်ယူပို့ဆောင်ရေးအတွက် လူနာတင်ယာဉ် ၁၄ စီး ကိုလည်း နိုင်ငံတဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများကို မကြာမီလွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။

ပုံစာ- မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*