မြန်မာပြည်သူများအတွက် အောင်ဆီဂျင်ကွန်စင်ထရေတာများအပါအဝင် ကိုဗစ်အကူအညီများ ကုလကူညီမည်

ဇူလိုင် ၁၉

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကပ်ဘေးအပြင်းအထန်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံက ပြည်သူတွေအတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ကိုဗစ်ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးအတွက် အကူအညီတွေ ရရှိတော့မည်ဖြစ်သည်။

အောက်ဆီဂျင်မလုံလောက်မှုပြဿနာကိုဖြေရှင်းရန်အတွက် ကုလဌာနေအဖွဲ့သည် အောင်ဆီဂျင်ကွန်စင်ထရေတာများနှင့် အခြားစက်ပစ္စည်းများကို လမ်းကြောင်းပေါင်းစုံမှ ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဇူလိုင် ၁၉ရက် ညက ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံရုံးက ထုတ်ပြန်ကြေငြာလိုက်သည်။

ထိုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှုများအဆမတန်မြင့်မားလာပြီးနောက် မြန်မာနိုင်ငံရှိ ကုလ ဌာနေအဖွဲ့သည် ယင်းတို့၏ကိုဗစ်တုံ့ပြန်‌ရေးကြိုးပန်းမှုများကိုမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

“ဒါဟာ စစ်ကောင်စီအနေနဲ့ ကိုဗစ်ကူးစက်မှုကို မထိန်းချုပ်နိုင်တော့ဆိုတာကို ဝန်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။ အမှန်တကယ် အကူအညီလိုအပ်နေသူတွေဆီကို ကုလအဖွဲ့တွေက တိုက်ရိုက်ပေးပို့နိုင်တဲ့ အစီအစဉ်ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကြားဖြတ်ခိုးယူသုံးစွဲတာမျိုး လုပ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ကုလ၏ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပြု ရေးသားထားသည်။

အရေးပါသောကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ချက်ချင်းတိုးမြှင့်ပေးအပ်ရေးနှင့် ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံရေးကြိုးပန်းမှုများမှာ အရေးကြီးချက်ချင်းဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းအဖြစ်ဆက် လက်ရှိနေသည်ဟု ကုလသမဂ္ဂရုံးက ဆိုသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*