မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီခံ ပရဟိတသမား ၁၆ယောက်ပြန်လွတ်လာ

မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညက ဖမ်းဆီခံ ပရဟိတသမား ၁၆ယောက်ပြန်လွတ်လာ

မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်​နေ့ညပိုင်းက စစ်‌ ကောင်စီတပ်ဖွဲ့၀င်များက ပရဟိတဆောင်ရွက်နေသူ ၁၆ ဦးအားဖမ်းဆီးသွားခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ပြန်လည်လွတ်လာပြီးဖြစ်ကြောင်း အနီးရှိသတင်းပေးပို့လာ သူကဆိုသည်။

“ဖမ်းဆီးခံခဲ့ရတာ အားလုံးပေါင်း လူငယ် ၁၆ယောက်ဖြစ်ပါတယ်။ ၁၆ယောက်လုံး ပြန်လွတ်မြောက်လာပါပြီ” ဟု သတင်းပေးပို့သူက ဆိုသည်။

ယမန်နေ့ညက အဆိုပါပရဟိတ‌ ဆောင်ရွက်နေသူများအား စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးကာ သေနပ်ဖြင့်ချိန်ထားပြီး မိုးရေထဲတွင် ဒူးထောက်ထိုင်ခိုင်းထားသည့် ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံနှံလာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ ဝေဘာဂီ ၃ ရပ်ကွက်မှ လူငယ်များဖြစ်ပြီး သြဂုတ် ၁၅ ရက် ည ၉ နာရီမှ စတင်ကာဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*