မွန်ညီညွှတ်ရေးပါတီဥက္ကဋ္ဌ နိုင်တလနွန် ဈာပနာ အခမ်းအနားကျင်းပ

မွန်ညီညွှတ်ရေးပါတီဥက္ကဋ္ဌ နိုင်တလနွန် ဈာပနာ အခမ်းအနားကျင်းပ

 

ဝေဟင်စိုး

 

မွန်ပါတီ သုံးခုပူးပေါင်းထားသော မွန်ညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင်(ခ) နိုင်တလနွန်၏ ဈာပန အခမ်းအနားကို မွန်ပြည်နယ် ပငကျေးရွာအုပ်စုအတွင်းရှိ သုဿန်တွင် ယနေ့ ပြုလုပ်ခဲ့သည်။

 

အသက် ၈၅ နှစ်အရွှယ် ကွယ်လွန်သူ နိုင်တင်အောင်(ခ) နိုင်တလနွန်သည် အောက်တိုဘာ ၁၀ ရက် ည ၉နာရီ ၅၅ မိနစ် အချိန်တွင် ပငကျေးရွာအုပ်စု ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲ ၁နာရီတွင် မီးသဂြိုဟ်၍ အရိုးပြာကို ဂူသွင်းမြှပ်နှံသွားမည်ဖြစ်သည်။

 

နိုင်တင်အောင်(ခ) နိုင်တလနွန် ဈာပနာသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွှတ်ရေး အကောင် အထည်ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် အခြားသောနိုင်ငံရေးပါတီများက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည်ဟု ပါတီပြောခွင့်ရ တစ်ဦးဖြစ်သူ နိုင်တလညီက ဆိုသည်။

 

ပြည်သူ့ပါတီကပေးပို့သည့် သဝဏ်လွှာတွင် မွန်ညီညွှတ်ရေးပါတီဥက္ကဋ္ဌ နိုင်တင် အောင်(ခ) နိုင်တလနွန် ကွယ်လွန်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ် အရေး တို့အတွက် ကြီးမားသောဆုံးရ့ှုံးမှုဖြစ်ကြောင်းဖော်ပြထားပြီး ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း မိသားစုနှင့် ထပ်တူ ဝမ်းနည်း ကြောင်းနှင့် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြထား သည်။

 

“ သူ့ရဲ ဘဝတစ်လျှောက်လုံးက နိုင်ငံအရေး၊ အမျိုးသားအရေးတွေ လုပ်လာခဲ့တဲ့ သူပါ။ အရင်က မွန်ပြည်သစ်တပ်ဦးခေါင်းဆောင်လုပ်ခဲ့ရာကနေ ထောင် ဆယ်နှစ်ကျပြီးတော့ ပါတီနိုင်ငံရေးထဲကို ဝင်လာခဲ့သူပါ ။ နောက်ပြီး ၁၉၈၆ အောက်တိုဘာ ၁၅ ရက်မှာ မွန်ပြည်သစ်ပါတီကို ထူထောင်ခဲ့တယ်။ နောက်ပိုင်း ကျန်းမာရေးကြောင့် အနားယူခဲ့ပြီးတော့ ၂၀၁၈ ခုနှစ်မှာ မွန်ပါတီတွေပူးပေါင်း ထားတဲ့ မွန်ညီညွှတ်ရေး ပါတီမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ မွန်ညီညွှတ်ရေးပါတီမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက် ခဲ့တာ သေဆုံးချိန်အထိ သုံးနှစ်သက်တမ်းရှိခဲ့ပါတယ်”ဟု နိုင်တလညီက ရှင်းပြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*