ယင်းမာပင် PDFများ မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဟုဆို။

ယင်းမာပင် PDF များ မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဟုဆို။

ရန်ကုန်၊ သြဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်လမ်းခွဲတွင် သြဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က ပုလဲမြို့နယ်ဘက်မှ မောင်းနှင်လာသော စစ်ကောင်စီယာဉ် ၂ စီးကို ယင်းမာပင် PDF မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးကာ စစ်ကားနှစ်စီး မီးလောင်ပေါက်ကွဲခဲ့သည်ဟု ဒေသရင်းမြစ် အလောင်းတော်ကဿပနယ်မြေသတင်းထံမှ သိရသည်။

ပုလဲနယ်ဘက်မှာ ပြည်သူ့ပစ္စည်းများကို ဖျက်ဆီး၊ အဓမ္မလုယူအနိုင်ကျင့်ပြီး လာတဲ့ စစ်ကောင်စီ ကား ၂ စီးကို ယင်းမာပင် PDF က ဖိုလ်ဝင်တောင်လမ်းခွဲမှာ မိုင်း ၇ လုံးခွဲပြီး တိုက်ခိုက်ရာ ကားနှစ်စီးလုံး ထိမှန်သွားပြီး ၂၀ ကျော် သေဆုံးကြောင်း ယင်းမာပင် PDF တပ်ဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ရေးသားဖော်ပြထားသည်။

“ပုလဲဘက်ကနေ ပြန်လာတာ၊ မုံရွာ နမခ ကို ပြန်တယ်ထင်တယ်၊ ယင်းမာပင် အကျော်က ဖိုလ်ဝင်တောင် လမ်းခွဲမရောက်ခင်လေးမှာ ခွဲခံရတာ၊ အဲနားက ချောင်းတွေလည်းရှိတယ်၊ လမ်းလည်းကျဉ်းတယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မိုင်းခွဲတိုက်ခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဓါတ်ပုံ – မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ဖိုလ်ဝင်တောင်လမ်းခွဲအနီး လမ်းကျဉ်း
Khit thit media

Be the first to comment

Leave a Reply

Your email address will not be published.


*