ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၆၅ ဦး နုတ်ထွက်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းကာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပေါ်ပေါက်လာ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၆၅ ဦး နုတ်ထွက်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းကာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပေါ်ပေါက်လာ

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ၆၅ ဦး နုတ်ထွက်သွားပြီး စစ်ကောင်စီ၏ အခြေခံ အုပ်ချုပ်ရေးယန္တရား ရာနှုန်းပြည့် ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် Khayan Channel က ပြောသည်။

 

ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က အောက်တိုဘာလ ၃ ရက်နေ့စွဲဖြင့် အုပ်ချုပ်ရေးမှူးများကို တာ၀န်မှနုတ်ထွက်ကြရန် ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးနောက် ခရမ်းမြို့နယ်တွင် အောက် တိုဘာလ ၆ရက်နေ့မှ ၁၄ ရက်နေ့အထိ ၉ ရက်အတွင်း အုပ်ချုပ်ရေးမှူး ၆၅ ဦးလုံး နုတ်ထွက်သွားကြကြောင်း သိရှိရသည်။

 

နုတ်ထွက်ခဲ့ကြသော အုပ်ချုပ်ရေးမှူးများတွင် မြို့ပေါ် ၁၃ ရပ်ကွက်လုံးပါ၀င်ခဲ့ပြီး ကျေးရွာ ၅၆ ရွာမှ အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်သွားကြခြင်းဖြစ်သည်။

 

ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားချိန် ခရမ်းမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*