ရန်ကုန်တွင် Non-CDM မီးရထားဝန်ထမ်းတစ်ဦးနှင့် ပျူစောထီးခေါင်းဆောင် မျိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တွင် Non-CDM မီးရထားဝန်ထမ်းတစ်ဦးနှင့် ပျူစောထီးခေါင်းဆောင် မျိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

 

ရန်ကုန်၊ အောက်တိုဘာ ၁၃

 

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူ မျိုးနိုင်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

ခရမ်းမြို့နယ် ပျူစောထီးခေါင်းဆောင် မျိုးနိုင် ယနေ့နေ့လည် ၁၂ နာရီ ၃ မိနစ်ခန့်က ဆောက်လုပ်ရေးခေါင်းရင်း၊ဗိုလ်တဲလမ်းမတွင် နောက်ကျောဘက်မှ ၂ ချက် ပစ်ခတ်ခံခဲ့ရကြောင်း၊ အမည်မသိ လူနှစ်ဦး လာရောက်ပစ်ခတ်သွားခဲ့ကြေင်း၊ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Khayan Channel က သတင်းဖော်ပြသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊သိမ်ဖြူမီးပွိုင့်တွင် ယနေ့ နံနက် ၉ နာရီကျော်တွင် မီးရထား Non – CDM ဝန်ထမ်းတစ်ဦးဖြစ်သော ထိန်ဝင်းကို ပစ်ခတ်ခဲ့ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

 

ထိန်ဝင်းသည် မြန်မာ့မီးရထား၊ သတင်းနှင့် ပြန်ကြားရေးဌာနဖြစ်ပြီး ရန်ကင်းမောင် အမည်ဖြင့် လူမှုကွန်ရက်တွင် စာများရေးသားကြောင်း သိရှိရသည်။

 

“မီးရထား ဌာန ပြန်ကြားရေး သတင်းရေး သမား တစ်ယောက်ပါ။ Non-CDM ဝန်ထမ်းပါ။ အဓိက မီးရထားမှာ CDM တွေ အိမ်ရာတွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM ဦးဆောင်သူတွေရဲ့ အမည်တွေကို စစ်တပ်ဘက်ကို သတင်းပေးတယ်ဆိုပြီး CDM ဝန်ထမ်းတွေဘက်က မှတ်ချက်ပြုထားတာရှိပါတယ်” ဟု မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*