ရန်ကုန်သန်လျင်တွင် ဘယ်ရီရာ တိုက်ပြေးသည့် ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး၊ ၂ ဦးအဖမ်းခံရ 

 

ရန်ကုန်သန်လျင်တွင် ဘယ်ရီရာ တိုက်ပြေးသည့် ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး၊ ၂ ဦးအဖမ်းခံရ

 

 

ရန်ကုန်၊ စက်တင်ဘာ ၁၄

 

 

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သန်လျင်တံတားအနီးတွင် ယနေ့ည ၉ နာရီတွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်သံများကြားရပြီး တံတားအဆင်း အကာအရံ အတားအဆီးများကို တိုက်မိသည့် ကားကို စစ်ကောင်စီတပ်များက လိုက်လံ ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ပြီး ၂ ဦး အဖမ်းခံရကြောင်း သိရှိရသည်။

 

“မူလက ထင်တာက ကားပေါ်က ပစ်တယ်ခတ်တယ်ပေါ့။ နောက် ရဲဘက်က ပြောတာက ကားက စစ်တပ်က ကာထားတဲ့ ဘယ်ရီရာကို တိုက်မိတယ်။ အဲဒါကို မရပ်ဘဲ ပြေးလို့ လိုက်ဖမ်းပြီး ပစ်တာ။ တစ်ဦး ဒဏ်ရာရတယ်။ စစ်တပ်က သက်သက်လိုက်ပစ်တာ။ အပြန်အလှန် ပစ်ခတ်မှု မဟုတ်ပါဘူး။ သူတို့ ကာထားတာကို တိုက်လို့ လိုက်ပစ်တာ။ အဖမ်းခံရတဲ့ သူတွေမှာ လက်နက်လည်း မပါဘူး။ သာမန်ပြည်သူတွေပါ” ဟု ရဲသတင်းရပ်ကွက်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

(မူလက အပြန်အလှန် ပစ်ခတ်မှု ဖြစ်သည်ဆိုသော သတင်းကို ပြန်လည် တည်းဖြတ် ပြင်ဆင် ဖော်ပြအပ်ပါသည်။ )

 

ဓာတ်ပုံ- ဖမ်းဆီးခံရသူ ၂ ဦးမှာ သာမန်ပြည်သူများဖြစ်ကြသော်လည်း အကြမ်းဖက်စစ်တပ်က အင်္ကျီချွတ်ခိုင်းပြီး ရာဇဝတ်သမားသဖွယ် ဆက်ဆံပြုမူကြကြောင်း သိရှိရသည်။

 

 

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*