ရေဇွာမြို့တွင် ကိုဗစ်နှင့် ပတ်သက်ပြီး လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်

ရေဇွာမြို့တွင် ကိုဗစ်နှင့် ပတ်သက်ပြီး လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်

ယ​နေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ များနှင့် ရေဇွာ Covid-19 ကြိုတင်ကာကွယ်ရေးကော်မတီ တို့ ပူးပေါင်းပြီးပြုလုပ်သော ဒုတိယအကြိမ် အစည်းအဝေး၌ ရောဂါကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများအား ဆွေးနွေး ဆုံးဖြတ်ခဲ့ကြရာ ရေဇွာမြို့ရှိ ပြည်သူများနှင့် ခရီးသွားဧည့်သည်များ အနေဖြင့် လိုက်နာနိုင်ရန် စည်းကမ်းချက်များကို သိရှိစေလိုပါသည်။

မြေပြန့်မှတက်လာသော ကုန်တင်ကားများကို တစ်ပတ်တစ်ကြိမ်သာဝင်ခွင့်ပြုမည်ဖြစ်ပြီး ကုန်များကို ပိုးသတ်ဆေးဖြန်းပြီးမှ ၄ ကားသမားများအနေဖြင့် Test Kit ဖြင့် စစ်ဆေးမှု ခံယူပြီးမှ ၄ ကုန်ချ ခြင်းများပြုလုပ်ရမည်။
ကုန်ကားတစ်စီးတွင် လူသုံးဉီးထက် မပိုရပါ
ညအိပ်မည်ဆိုလျှင် ကားပေါ်တွင်သာ အိပ်ကြရန်နှင့် ရေဇွာမြို့တွင် တစ်ညသာ အိပ်ခွင့်ပြုမည်။

ရေဇွာမြို့ရှိ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များအား တစ်ပတ်သုံးကြိမ် တစ်ရက်ခြားပြီး မနက် ၆ နာရီမှ နေ့လည် ၁၂ နာရီ ထိသာ ရောင်းခွင့်ပြုမည်။

လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား မနက် ၆ နာရီမှ ညနေ ၆ နာရီထိပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်။
တနင်္ဂနွေနေ့ တွင်ရောင်းချခွင့်မပြုပါ။

မြို့ဝင်ဂိတ် နှစ်​နေရာ ပြုလုပ်ထားပြီး ရေဇွာမြို့ရှိ အသင်းတော်အသီးသီးက လူငယ်များမှ အလှည့်ကျ မြို့ဝင်ဂိတ် စောင့်ရမည်။

နာရေးကိစ္စများရှိ၍ မဖြစ်မနေ ပါဝင်ရန်လိုအပ်ပါက နှခေါင်းစည်း၊ Hand gel များ ဆောင်ထားရမည်။

ည ၁၀ နာရီမှ မနက် ၆ နာရီ အတွင်း ရေဇွာမြို့တွင်​မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြုပါ
အရေးပေါ်လူနာတင်ယာဉ်များ ဖြစ်နေပါက ရေဇွာ Covid-19 ကြိုတင်ကာကွယ်ရေး ကော်မတီသို့ ဖုန်းဆက်အကြောင်းကြားရမည်။

ဆက်သွယ်ရန် 0966486778, 095145353

Chin world

Be the first to comment

Leave a Reply

Your email address will not be published.


*