ရဲတပ်သားတဦးကို သတိပေးစာပို့ပြီးနောက် ရပ်ကွက်အတွင်း စစ်ဆေးမှု ပိုတင်းကြပ်

ရဲတပ်သားတဦးကို သတိပေးစာပို့ပြီးနောက် ရပ်ကွက်အတွင်း စစ်ဆေးမှု ပိုတင်းကြပ်

 

ပြည်မြို့ ၊အောင်ဆန်းပြည်သာယာရပ်ကွက်နေ ရဲတပ်သားတဦးကို Pyay Underground Forceမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ကာ ဩဂုတ်၂၄ရက်တွင် သတိပေးစာ ပို့ခဲ့ကြောင်း Pyay Underground Force အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

 

“အောင်ဆန်း မှာသူထောင်နေတာဗျ ။ ဝကြီး(ဒလံဟုဆိုကာ ပစ်သတ်ခံရသူ)တုန်းကလို လုပ်ပြန်ရင်လဲ ပြည်သူတွေ အထိနာမှာ စိုးရိမ်လို့ သတိပေးစာအရင်ပို့လိုက်တာပါ”ဟု Pyay Underground Force အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 

တပ်သတင်းပေး ဒလန် ဝကြီး အသတ်ခံရသည့်နေ့တွင် ပြည်မြို့မှ လူငယ်၁၀၀ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

 

အဆိုပါ သတိပေးစာပေးပို့ခဲ့ပြီးနောက် အောင်ဆန်းပြည်သာယာရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်ဆေးခဲ့ပြီး စစ်ကောင်စီမှ လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံများကပြောသည်။

 

“၂၆ရက်နေ့မှာ ရပ်ကွက်တွေထဲ ဧည့်စာရင်းစစ်တာ အတော်ကြမ်းတယ်။ ရပ်ကွက်လူကြီးတွေ မပါဘဲ ရဲနဲ့စစ်သားတွေ အများကြီးလာတာ အင်အား၆၀ လောက်ရှိတယ်။ မနိုးတဲ့အိမ်ကို ခဲနဲ့ပေါက်ပြီး ဆဲဆိုအော်ဟစ်ပြီးဝင်တာဗျ။ ဧည့်စာရင်း မတိုင်မိတဲ့သူတွေကို ရပ်ကွက်ရုံးကိုခေါ်သွားတယ်ဗျ ။ ကြားမိတာက ဒလန်တယောက်ကို ချိန်းခြောက်စာပို့လို့ဆိုပြီး ကြားမိတယ်”ဟု အောင်ဆန်းပြည်သာယာရပ်ကွက်နေ ပြည်သူတဦးကပြောသည်။

 

လိုက်လံစစ်ဆေးရာတွင် ပါဝင်သူ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့မှာ ဧည့်စာရင်း စစ်ဆေးရာတွင် နှာခေါင်းစည်း တပ်ဆင်ထားမှုမရှိဟုလည်း ဒေသခံများကပြောသည်။

 

” သူငယ်ချင်းအိမ်က ကိုဗစ်တစ်အိမ်လုံးဖြစ်နေတာ၊ လာစစ်ဆေးတဲ့ အထဲပါတဲ့တစ်ယောက်က နှာခေါင်းစည်း တပ်မထားဘူးတဲ့။ သူတို့လာစစ်တဲ့အချိန် အဲဒီအိမ်ကလူကြီးတွေက ချောင်းတွေအရမ်းဆိုးနေတာလို့ကြားမိတယ်။ ကိုဗစ်ကူးကြပါစေ ဆုတောင်းတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

 

ဒလန်ဟု သတ်မှတ်ခံရသူမှာ အမှတ်(၃) ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားကြည်လှမော်ဟုသိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*