ရွှေဘို၊ ချီပါစုရပ်ကွက် ရွှေဥဒေါင်းဂျုံစက်အနီး ဒလန်ဟု သတ်မှတ်ခံထားရသူတစ်ဦး ပစ်သတ်ခံရ

ရွှေဘို၊ ချီပါစုရပ်ကွက် ရွှေဥဒေါင်းဂျုံစက်အနီး ဒလန်ဟု သတ်မှတ်ခံထားရသူတစ်ဦး ပစ်သတ်ခံရ

 

ရန်ကုန်၊ သြဂုတ် ၂၉

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ချီပါစုရပ်ကွက် ရွေဥဒေါင်း ဂျူံစက်ရှေ့အနီးတွင် သြဂုတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူ ဦးစိုးတင့် ဆိုင်ကယ်စီးလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကာ နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

“သူက သရဲကုန်းက ပန်းရံဆရာ၊ ဒလန်စိုးတင့်၊ စစ်တပ်သတင်းပေးတွေ ဘာတွေ လုပ်နေတာ” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

 

ဦးစိုးတင့်အား အသံတိတ်သေနတ်ဖြင့် ၈ ချက် ၉ ချက်ခန့် ဗိုက်ကို ပစ်သွားကောင်း စစ်တပ်က ဒလန်ပစ်သတ်ခံရတာဆိုတော့ ချီပါစုကိုစစ်ခံရတော့မယ်ဟုထင်ကြောင်း ဒေသသတင်းရင်းမြစ် Shwebo Entertainment တွင်လည်း ဖော်ပြထားသည်။

 

ဦးစိုးတင့်မှာ စစ်ကောင်စီအား သတင်းပေးသူ ဒလန် ဟုတ်၊ မဟုတ်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Be the first to comment

Leave a Reply

Your email address will not be published.


*