ရှမ်းတောင်၊ ကရင်နီ၊ နေပြည်တော်ရှိ PDF များ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်

ရှမ်းတောင်၊ ကရင်နီ၊ နေပြည်တော်ရှိ PDF များ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်းရှိ SS-PDF, ကရင်နီဒေသရှိ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ နေပြည်တော် PDF တပ်ဖွဲ့၆ ဖွဲ့သည် ညီနောင်မဟာမိတ်အဖွဲ့များအဖြစ် ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင် EAO များနှင့် ချိတ်ဆက်ပူးပေါင်းကာ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဟု သြဂုတ်လ ၁၆ ရက်တွင် သဘောထားထုတ်ပြန်သည်။

အဆိုပါ ညီနောင်မဟာမိတ် PDF ၆ ဖွဲ့သည် ပြည်သူလူထုကိုအခြေခံ၍ ဖွဲ့စည်းထားပြီး ပြည်သူ့ဆန္ဒသဘောထားကို အပြည့်အဝ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် CRPH, NUG မှ ပြဌာန်းထားသော သစ္စာအဓိဋ္ဌာန် ၄ ချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကရင်နီတပ်မတော် KA, ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့နှင့်အတူ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ ဒီးမော့ဆို PDF တပ်ဖွဲ့များမှ ပူးပေါင်းခုခံလျှက်ရှိသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*