လွယ်ဂျယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ကားဝန်းကိုလော့ဂ်ဒေါင်းလုပ်ရန် ဒေသခံများလိုလား

လွယ်ဂျယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ကားဝန်းကိုလော့ဂ်ဒေါင်းလုပ်ရန် ဒေသခံများလိုလား

တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့မှာ ကိုဗစ်ပိုးတွေ့လူနာ ၂၄ယောက်အထိရှိလာပြီး အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့တွင်းကားဝန်းကို ပိတ်ထားဖို့ ဒေသခံတွေက တိုက်တွန်းပါတယ်။

ကုန်တင်ကားအများစု ရပ်နားတဲ့လွယ်ဂျယ်မြို့ ကားကြီးကွင်းမှာ ပိုးတွေ့လူနာအချို့ကို တွေ့ရှိခဲ့ပြီး လက်ရှိအချိန်မှာ ယင်းကားဝန်းကို ပိတ်မထားပါက အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” မြို့က ကျဉ်းကျဉ်းလေး။ အချို့ကားတွေက ကျန်းမာရေးအစစ်မခံဘဲ ဝင်နေတာ။ ကားဝန်းကို Lock down ချဖို့ လိုနေပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တရုတ်အစိုးရက သူ့နိုင်ငံမှာ ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ဖို့ လွယ်ဂျယ်မြို့နဲ့ နယ်စပ်ဂိတ်ကိုလည်း မူဆယ်နဲ့ နယ်စပ်လိုပဲ ပိတ်ထားပါတယ်။ ကချင်ပြည်နယ်မှာ လွယ်ဂျယ်အပြင် ကန်ပိုက်တည်နယ်စပ်ဂိတ်မှာလည်း ပိုးတွေ့လူနာတွေ ရှိနေပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*