လွိုင်ကော် Mytelရုံး ဗုံးပေါက်ပြီးမီးလောင်

လွိုင်ကော် Mytelရုံး ဗုံးပေါက်ပြီးမီးလောင်

 

ရန်ကုန်၊သြဂုတ် ၂၆၊၂၀၂၁

KK(VOM)

 

လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအနီးရှိ Mytel ရုံးဟာ ဒီကနေ့ည ၈နာရီခန့်က ဗုံးပေါက်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ချီကယ်ကျေးရွာနေသူတစ်ဦးက ” အသံကြားတာတော့ အကျယ်ကြီးပဲ သွားကြည့်လို့လည်း မရဘူး၊ မနေ့က Mytelဗုံးပေါက်ကတည်းက စစ်တပ် မာရှယ်လောအချိန်ပြောင်းထားတာ”လို့ ပြောပါတယ်။

 

မနေ့ ဩဂုတ်လ ၂၅ရက်နေ့ ည ၇နာရီကလည်း လွိုင်ကော်မြို့နယ်၊ မဂ်လာရပ်ကွက်က Mytel ရုံးဗုံးပေါက်ခဲ့လို့ ရုံးအဆောက်အဦး အနည်းငယ်ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အလားတူ လွိုင်ကော်မြို့နယ်နဲ့နီးကပ်နေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ငံကျေးရွာမှာလည်း သြဂုတ် ၂၃ရက် ည၇ နာရီကMytelတာဝါတိုင် ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒီးမော့ဆိုမြို့နယ်မှာ Mytelရုံး ဗုံးပေါက်ပြီးနောက် စစ်တပ်ကနေ လွိုင်ကော်မြို့နယ်ကို ယခင် ည၁၀ နာရီမှ မနက် ၄နာရီအစား ည ၈နာရီမှ မနက်၄ နာရီအထိ ညမထွက်ရအမိန့်ကို ပြောင်းလဲထုတ်ပြန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*