လှိုင်သာယာရှိ စစ်ကောင်စီတပ်စွဲထားသော အထည်ချုပ်စက်ရုံကို ပြောက်ကျားအဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အနည်းဆုံး ၂ ဦးပြင်းထန်စွာဒဏ်ရာရ

လှိုင်သာယာရှိ စစ်ကောင်စီတပ်စွဲထားသော အထည်ချုပ်စက်ရုံကို ပြောက်ကျားအဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အနည်းဆုံး ၂ ဦးပြင်းထန်စွာဒဏ်ရာရ

 

စစ်ကောင်စီတပ်စွဲထားသော လှိုင်သာယာရှိအထည်ချုပ်စက်ရုံကို ယနေ့ညတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် နံနက်ပိုင်းက သမိုင်းမြို့သစ်တွင်ဖြစ်ပွားခဲ့မှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့ပြပြောက်ကျားအဖွဲ့ကထုတ်ဖော်ပြောဆိုလိုက်သည်။

 

ယနေ့ည ၁၀ နာရီတိတိ အချိန်တွင် စနေမထိပ်ရှိ အထည်ချုပ်စက်ရုံအား အဝေးထိန်းဗုံးဖြင့် ဖေါက်ခွဲ တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးနှစ်ယောက် ပြင်းထန်စွာ ထိခိုက်မှုရှိကြောင်း CGF HTY က ကြေညာသည်။

 

CGF-HTY မှာထိခိုက်မှုမရှိကြောင်းနှင့် သမိုင်းမြို့သစ်တွင်အကြမ်းဖက်ပစ်ခတ်မှုအတွက် လက်တုန့်ပြန်မှုတစ်ခုဖြစ်ကြောင်းပြောဆိုကာ ” ဘယ်သူထိထိ CGF HTY ကို ထိသည်။နောက်နောင်တွင်လည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။” ဟု ပါရှိသည်။

 

လှိုင်သာယာဒေသခံတစ်ဦးက ” ပေါက်တဲ့အသံကတော့ တော်တော်ကျယ်တယ်။ အခုမီးပျက်သွားပြီ။ သေနတ်သံတွေလည်း ကြားရတယ်။ အများကြီးတော့မဟုတ်ဘူး။ သုံးလေးချက်ပဲ” ဟု ပြောသည်။

 

 

 

ဂန့်ဂေါတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ၊ စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးပြီး စစ်ကား ၄ စီးပျက်စီ

 

 

ပြည်သူ့ ကာကွယ်ရေး တပ်မတော်( PDF ဂန့်ဂေါ) က စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးရေ ၃၀ ခန့် သေဆုံးပြီး စစ်ကား လေးစီးပျက်စီးခဲ့ကြောင်း ယနေ့( ဩဂုတ်၂၃ရက် )ညပိုင်းတွင် ထုတ်ပြန်သည်။

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါ – ကလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ရှစ်စီးပါသော ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုများသွားခဲ့ခြင်း ဖြစ်သည်။

 

 

PDF ဂန့်ဂေါ အနေဖြင့် လုပ်ဆောင်ခဲ့သော တိုက်ပွဲများတွင် ပြည်သူများဘေးကင်းစေရန်အတွက် ထုတ်ပြန်ကြေညာခြင်းမရှိဘဲ နောက်ပိုင်းတွင် ထုတ်ပြန်သင့်သည်ဟု ယူဆသော လုပ်ဆောင်ချက်များကို ထုတ်ပြန်ကြေညာသွားမည်ဟု အသိပေးထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*