ဝက်လက်နှင့်စဉ့်ကိုင်တို့တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူများ ၏ မိသားစုများအပါအဝင် စုစုပေါင်း ၆ ဦး ပစ်သတ်ခံရ

ဝက်လက်နှင့်စဉ့်ကိုင်တို့တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူများ ၏ မိသားစုများအပါအဝင် စုစုပေါင်း ၆ ဦး ပစ်သတ်ခံရ

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့တို့တွင် စစ်ကောင် စီသတင်းပေးဟု သတ်မှတ်ခံထားရသူများ၏ မိသားစုဝင်များအပါ အဝင် စုစုပေါင်း ၆ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာမှ စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ သိန်းတန် နှင့် ရီသန့်တို့ ၂ ဦးကို ယနေ့ ဝက်လက်-ရှိမ်းမကားလမ်း တစ်နေရာတွင် ပစ်ခတ်လိုက်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ၊မီးသွေးဘုတ်ကျေးရွာ အုပ်စု၊ ကင်းတုံရွာသား စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ခင်မောင်ချိုအိမ်ကို ဝင်ရောက်စီးနင်းပြီး ခင်မောင်ချိုအပါအဝင် အမျိုး သား ၄ ဦးကို အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

 

ဓာတ်ပုံ- ဝက်လက်တွင် စစ်ကောင်စီသတင်းပေး ဟုအများက သတ်မှတ်ခံထားရသူ လင်မယား ၂ ဦး ယနေ့ သတ်ဖြတ်ခံရစဉ်။

Be the first to comment

Leave a Reply

Your email address will not be published.


*