သတင်းစာရှင်းပွဲနဲ့တင် စစ်ကောင်စီကို အကြောက်တရား ပိုတိုးပေးလိုက်နိူင်ပြီ ဖြစ်သည်

ပြည်သူတွေမျှော်လင့်ခဲ့သမျှကို ဥပေက္ခာပြုခဲ့တဲ့ အာဆီယံအစည်းအဝေးရဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့ အာဆီယံရဲ့သံတမန် ရောက်နေတဲ့အချိန်မှာပဲ အာဆီယံရဲ့ ကြားဝင်စေ့စပ်မှုကို လက်မခံ(အယုံအကြည်မရှိ)ကြောင်း ကမ္ဘာသိပြောလိုက်နိူင်ပြီ

မြန်မာ့အရေးမှာ အာဆီယံရဲ့အရေးပါနေမှုကို ထောက်ပြနေတဲ့ ကမ္ဘာ့နိူင်ငံအသီးသီးကတောင် ထောက်ခံမှုပြုတဲ့ NUG ပြည်သူ့အစိုးရကို တွေ့ဆုံမယ်ဆိုတဲ့စကားတောင် မထွက်ခဲ့တဲ့ အာဆီယံဟာ ပြည်သူ့ဆန္ဒကို ရိုက်ချိုးတာ နှစ်ခါရှိသွားပြီဖြစ်သည်

EAO အချို့နဲ့ ပြည်နယ် PDF တွေနဲ့တောင် အရုပ်ကြိုးပျက်နေတဲ့ စစ်ကောင်စီကို အပြတ်ဖြုတ်နိူင်ရန် စွမ်းရည်နဲ့ စည်းကမ်းပြည့်ဝတဲ့ PDF Army ကို စနစ်တကျဖွဲ့စည်းနေတယ် ဆိုတဲ့စကားကြောင့် လေလှိုင်းအစိုးရလို့ အောက်လုံးထိုးဝေဖန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ အကြံအိုက်နေပြီတော့ သေချာတယ်

အမေရိကန်ထိန်းချုပ်ပေးထားတဲ့ 1 billion ကိုလည်း ကိုယ်ကျိုးမပါဘဲ တော်လှန်ရေးကာလ လိုအပ်နေမှုကဏ္ဍအစုံကို ဖြည့်တင်းရန်သာ ရည်ရွယ်တဲ့ NUG မရရှိသွားလေအောင် အမျိုးမျိုးကန့်လန့်တိုက်နေဦးမှာမလွဲပါ ခရိုနီစစ်ဗိုလ်ချုပ်တွေ ဖြစ်နေခဲ့တော့ ဒီငွေပမာဏဟာ တော်လှန်ရေးအရွေ့ကို ဘယ်လောက်အထိတွန်းအားပေးနိူင်လဲဆိုတာ အသိဆုံးပဲဖြစ်တယ်

ပြီးပြည့်စုံနိူင်ဖို့ လိုအပ်တဲ့အချိန်တစ်ခုပေးရမှာဖြစ်တဲ့အတွက် အချိန်ကျရင် တစ်နိူင်ငံလုံး တိုက်ပွဲခေါ်သံပေးမယ်ဆိုတဲ့စကားကြောင့် တစ်ဖက်စောင်းနင်း စစ်ပွဲကိုစခဲ့သူတွေကို ရာဇသံပေးလိုက်နိူင်ပြီလည်းဖြစ်တယ် ပြည်သူအဖို့တော့ ကြက်သီးထလောက်အောင် တော်လှန်ဖို့ ပိုခွန်အားရသွားခဲ့တာလည်းဖြစ်တယ်

နိူင်ငံရေးပြဿနာကို နိူင်ငံရေးနည်းနဲ့မရှင်းရဲခဲ့တဲ့ စစ်ကောင်စီ ခြေကုတ်ယူနေတဲ့ လူသတ်အားပေး အာဆီယံအဖွဲ့အစည်းကိုပါမချန် မြန်မာ့မြေက အပြီးအပိုင် နှင်ထုတ်နိူင်မည့် NUG သည်သာ ရွေးကောက်ခံပြည်သူ့အစိုးရစစ်စစ်ဖြစ်သည်

ဖက်ဒရယ်ပြည်ထောင်စုရဲ့ အုတ်မြစ်ချ သန္ဓေတည်ရာ အချိန်လည်းဖြစ်နေသည်
တိုက်မောင်းသံစောင့်ရင်း ဓါးသွေးထားရတော့မည့် အချိန်လည်း ဖြစ်ပြီ။

အရေးတော်ပုံ အောင်ရမည်

#NN🇱🇷

Be the first to comment

Leave a Reply

Your email address will not be published.


*