သူးမွဲထာမြစ်ဆုံ အောက်ဘက် သံလွင်မြစ်ကမ်းတွင် စစ်ကောင်စီနှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီမှ ၂ဦးသေဆုံးထား

သူးမွဲထာ မြစ်ဆုံ အောက်ဘက် သံလွင်မြစ်ကမ်းတွင် စစ်ကောင်စီနှင့် KNLA တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီမှ ၂ ဦးသေဆုံးထား

 

 

ရန်ကုန်၊ သြဂုတ် ၃၀

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် သံလွင်နှင့် သောင်ရင်းမြစ်ဆုံရာ သူးမွဲထာ အောက်ဘက်ခြမ်း သံလွင်မြစ်ကမ်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ကြား သြဂုတ်လ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦး ကျဆုံးထားကြောင်း ရှေ့တန်းရှိ KNLA တပ်ဖွဲ့ဝင်တစ်ဦးထံမှ သတင်းရရှိသည်။

 

“တိုက်ပွဲက ၁၂ ခွဲ ၁ နာရီလောက်မှ စဖြစ်တာ၊ စစ်ကောင်စီနဲ့ BGF က အင်အား ၅၀ လောက်ရှိတယ်၊ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီဘက်က ၂ ယောက် နေရာမှာ သေဆုံးတာ တွေ့တယ်၊ အထိအခိုက်လည်း ရှိမယ်၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာ ၇ လုံးလောက်ရှိမယ်၊ အခု ၄ နာရီလောက်မှာ တိုက်ပွဲ ပြန်ငြိမ်နေတယ်” ဟု အဆိုပါ KNLA တပ်ဖွဲ့ဝင်မှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

 

လက်ရှိ သေနတ်သံများငြိမ်သက်သွားသော်လည်း တိုက်ပွဲဆက်ဖြစ်လာနိုင်ကြောင်းနှင့် KNLA ဘက်မှ ထိခိုက်ကျဆုံးမရှိသေးကြောင်း သတင်းရရှိသည်။

 

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*