ဟားခါးမြို့တွင် လူငယ်သုံးဦး အသုဘ အိမ်တွင် အကြောင်းမဲ့ဖမ်းဆီးခံရ

ဟားခါးမြို့တွင် လူငယ်သုံးဦး အသုဘ အိမ်တွင် အကြောင်းမဲ့ဖမ်းဆီးခံရ

ဇူလိုင် ၁၅ရက်နေ့ မနေ့ညတွင် ဟားခါးမြို့ပြည်တော်သာရပ်ကွက်တွင် လူငယ်သုံးဦးကို စစ်သားနှင့်ရဲများမှ အသုဘအိမ်တွင် ဝင်ရောက်
အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံ သူ လူငယ် သုံးဦးသည် ယင်းအသုဘ အိမ်တွင် ညအိပ်ဆုတောင်းပွဲတွင်ပါဝင်ကြသူများဖြစ်ကြောင်းလည်းသိရသည်။
======

ဟားခါးမြို့တွင် ကိုဗစ်လူနာ ထပ်တိုး ၁၁ ဦး တွေ့ရှိ

ဟားခါးမြို့တွင် ယနေ့ဇူလိုင် ၁၆ ရက်နေ့၏ ကိုဗစ် ၁၉ ပိုး စစ်ဆေးချက်အရ စစ်ဆေးခံရသူ ၆၉ ယောက်အနက် ၁၁ ဦးထံ ကိုဗစ်ပိုးတွေ့ရှိကြောင်း ဟားခါးကိုဗစ် Volunteer ဖြစ်သည့် သင်းအုပ်ဆရာတစ်ဦးထံမှ သိရသည်။

” ဒီနေ့မှာတော့ တစ်နေရာမှာပဲ စစ်တယ်၊ ကာဆင်ခန်းမမှာပေါ့၊ စစ်ဆေးခံရသူ စုစုပေါင်းက ၆၉ ယောက်ရှိတယ်၊ ပိုးတွေ့လူနာက ၁၁ ယောက်ရှိတယ်၊ အဲ့ဒီပိုးတွေ့လူနာတွေကို ဟားခါးပြည်သူ့ဆေးရုံကို ပို့တယ်။ ဒီနေ့ပိုးတွေ့လူနာတွေက ဒေသခံတွေက ပိုများတာကို တွေ့ရတယ်။” ဟု ပြောသည်။

လက်ရှိအချိန်ထိ ဟားခါးမြို့အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၂၁၅ ဦးရှိပြီဖြစ်ပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Chinworld

Be the first to comment

Leave a Reply

Your email address will not be published.


*