အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖယ်ခုံနှင့် ပင်လောင်းကြားရှိ ကျေးရွာ ၄ ရွာမှ ပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရ

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖယ်ခုံနှင့် ပင်လောင်းကြားရှိ ကျေးရွာ ၄ ရွာမှ ပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရ

 

ရန်ကုန်၊ သြဂုတ် ၂၄

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ကြားတွင် အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား သြဂုတ်လ ၁၅ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အဆိုပါဒေသရှိ ကျေးရွာ ၄ ရွာမှ ဒေသခံရွာသား ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂထံမှ သိရသည်။

 

“ကျေးရွာလေးရွာပြောင်းရတယ် လွယ်ဟွဲကျေးရွာ၊ စက်တော်ကျေးရွာ၊ လွယ်လုံကျေးရွာ၊ ခေါင်းအိကျေးရွာ (၄) ရွာလုံးပြောင်းရတယ်၊ စုစုပေါင်းလူဦးရေ ၁၀၀၀ ခန့်ရှိတယ်။ ဒီချိန်မှာ သူတို့အတွက် အစားအသောက်အတွက်နှင့် ဆေးဝါးပစ္စည်းများလိုအပ်နေတယ်” ဟု ဒုက္ခသည်ကူညီရေး တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပင်ပုံကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ တပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များမှ ပြောသည်။

 

လွယ်ဟွဲကျေးရွာအနီးရှိ လောပိတအမှတ် ၃ လျှပ်စစ်ဓါတ်အားစက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့် မဟာဓါတ်အားလိုင်း တာဝါတိုင် ၂ ခုကို သြဂုတ်လ ၁၂ ရက် ညနေ ၃ နာရီခွဲတွင် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ကြားတွင် အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီအမျိုးသားတပ်မတော် KA၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF တို့ပူးပေါင်းပြီး ခုခံတိုက်ခိုက်လျှက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*