အကြမ်းဖက်စစ်ကောင်စီ ကျောက်ကြီးမြို့နယ်အတွင်း စစ်ရေး ပိုမိုလှုပ်ရှား

အကြမ်းဖက်စစ်ကောင်စီ ကျောက်ကြီးမြို့နယ်အတွင်း စစ်ရေး ပိုမိုလှုပ်ရှား

ရန်ကုန်၊သြဂုတ် ၁၇

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ကျောက်ကြီးမြို့နယ်အတွင်း စစ်ရေးအရ အခြေချလှုပ်ရှားမှု ပိုများလာကြောင်း သူးလေသတင်းစဉ်က ယနေ့ထုတ်ပြန်သည်။

ယနေ့တွင် ခလရ(၇၅) မှ စစ်ဗိုလ်တစ်ယောက်နှင့် တပ်သားတစ်ယောက် ထွက်ပြေးသည်ဆိုကာ တုံးတံတားရွာလူကြီးကိုခေါ်ကာ ရော်ဘာခြံများသို့ သွားကာ ရှာဖွေနေကြောင်း ယင်းကဖော်ပြသည်။

ထို့အပြင် နတ်သံကွင်း၊ ကျောက်ကြီးလမ်းမပေါ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုမှ အရပ်ဝတ်ဖြင့် လမ်းကင်းများ ချထားပြီး၊ ၎င်းတို့၏ ကား(၅)စီး ဗျင်ဗြဲဘက်သို့ တက်လာကြောင်း ဖော်ပြသည်။

သြဂုတ် ၁၅ရက်ကမူ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခလရ(၆၀) တပ်များသည် အင်းနက်ရွာအုပ်စု၊ အင်းနက်ရွာဘုန်းကြီးကျောင်းတွင် အခြေချလာခဲ့ကြောင်း ယင်းက ဖော်ပြသည်။

သြဂုတ် ၁၆ရက်တွင် ခလရ(၆၀) က ကျောက်ကြီးမြို့ရှိ မာလာဦးဂိတ်ကို ပိတ်ကာ မြို့ထဲကိုသွားလာခွင့်မပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ခလရ(၇၅) က ကျောက်ကြီးမြို့နယ် ပဒဲကောရွာအုပ်စုအတွင်း စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာကျောင်းများကို ဓာတ်ပုံများရိုက်ယူခဲ့ကြောင်း သူးလေသတင်းစဉ်က ဖော်ပြသည်။

ဓာတ်ပုံ – သူးလေသတင်းစဉ်

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*