အကြမ်းဖက် စစ်ကောင်စီတွင် ငြိမ်းချမ်းစွာ ပြဿနာ ဖြေရှင်းရေး ဆန္ဒ မရှိ၍ လက်နက် ကိုင်လမ်းစဉ်ကို မတားဆီးနိုင်ခဲ့ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ပြော

အကြမ်းဖက် စစ်ကောင်စီတွင် ငြိမ်းချမ်းစွာ ပြဿနာ ဖြေရှင်းရေး ဆန္ဒ မရှိ၍ လက်နက် ကိုင်လမ်းစဉ်ကို မတားဆီးနိုင်ခဲ့ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ပြော

 

 

ရန်ကုန်၊ စက်တင်ဘာ ၁၄

 

 

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရေး အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သော်လည်း ကြိုဆိုလက်ခံခြင်းမရှိဘဲ ပယ်ချခဲ့မှုက လက်နက်ကိုင်နည်းလမ်းမှလွဲ၍ ရွေး ချယ်စရာမရှိတော့ဆိုသည့် အခြေအနေဆိုက်ရောက်စေခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Christine Schraner Burgenerက ပြောဆိုလိုက်သည်။

 

ယနေ့ လူမှုကွန်ရက် Twitter တွင် ၎င်း၏ အမြင်ကို ၎င်းက အထက်ပါအတိုင်း ထုတ်ဖော်ရေးသားလိုက်ခြင်းဖြစ်သည်။

 

” မြန်မာပြည်သူတွေအားလုံး အကျိုးအတွက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ကြိုဆိုလက်ခံတာမရှိဘူး။ သူတို့မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးဆိုတာ သိသာထင်ရှားနေတဲ့အတွက် လက် နက်ကိုင်နည်းလမ်းကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးဆိုတဲ့အခြေအနေတွေကို ကျမ မတားဆီးနိုင်ခဲ့ပါဘူး။ ကျမ ဒီအတွက် စိတ်မကောင်းဖြစ်မိပါတယ်” ဟု ၎င်းက ဆိုသည်။

 

လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် နိုင်ငံပေါင်းစုံပါဝင်သော အထွေထွေညီလာခံကြီး စတင်ကျင်းပလျက်ရှိနေပြီဖြစ်သည်။

 

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*