အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေးသည် မပြီးသေးသည့် တော်လှန်ရေးဖြစ်သည့်အတွက် ပြည်သူများ မောပန်းနေသော်လည်း နားလို့ မဖြစ်သေးကြောင်း သံဃသမဂ္ဂ ဆရာတော်များ မိန့်ကြာ

အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေးသည် မပြီးသေးသည့် တော်လှန်ရေးဖြစ်သည့်အတွက် ပြည်သူများ မောပန်းနေသော်လည်း နားလို့ မဖြစ်သေးကြောင်း သံဃသမဂ္ဂ ဆရာတော်များ မိန့်ကြား

ရန်ကုန်၊ ဇူလိုင် ၁၇

မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ နေ့စဉ်ပြုလုပ်နေကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပေးမှုကို ယနေ့ ဇူလိုင်လ ၁ရရက်နေ့တွင်လည်း ပြုလုပ်ခဲ့သည်။

====
=====

ပြည်ကြီးတံခွန်တွင် နေ့စဉ် ပြုလုပ်နေကျဖြစ်သော အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး အသံမတိတ် အလံမလိပ် ပြည်/ခွန် ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၇

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် ပြုလုပ်နေကျဖြစ်သော အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး အသံမတိတ် အလံမလိပ် ပြည်/ခွန်ညသပိတ် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

======
=====

ထားဝယ်မြို့ပေါ်ရှိ လူငယ်သပိတ်စစ်ကြောင်းများ ဦးဆောင်ပြုလုပ်သော “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ်

ရန်ကုန်၊ ဇူလိုင် ၁၇

ထားဝယ်မြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၁ရရက်နေ့က လူငယ်များ ဦးဆောင်သည့် ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် ကျောင်းသားသပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

=======
=======

စစ်ဖိနပ်အောက် ဒူးမထောက်မယ့် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး မြိုင် ဆည်းဆာသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ ဇူလိုင် ၁၇

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အနောက်မြောက်ပိုင်းဇုန်ရှိ ပြည်သူလူထုများပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁ရရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ဆည်းဆာသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

=====
===

မုံရွာတွင် မုံရွေးကြေးမုံရွာ လူထုသပိတ်စစ်ကြောင်း ဆိုင်ကယ်များဖြင့် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၁၇

အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး မုံရွေးကြေးမုံ လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ရရက်နေ့က ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

=====
=====

ဆားလင်းကြီးတွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက် ဆန္ဒ ပြ

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ၁ရရက်နေ့ ညနေပိုင်းက အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဗန့်ကျီနွယ်ဖွား

Khit Thit Media

ထိုသို့ ရွတ်ပွားချီးမြှင့်ပြီးနောက် သမဂ္ဂ ဆရာတော်များက ညသပိတ်ပြုလုပ်ကာ “ မပြီးပြတ်သေးတဲ့ တော်လှန်ရေးအတွက် မောပန်းနေသော်လည်း ဆက်သွားရမယ် ငါတို့ နားလို့ မဖြစ်သေးဘူး ” ဟု မိန့်ကြားခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*