အကြောင်းတရားမယ်မယ်ရရမရှိပဲ အနီတွေ ethics လူ့ကျင့်ဝတ် ပျောက်ဆုံးနေကြတယ်၊

“တော်ရုံပိန်းတာပဲ ကောင်းပါတယ်”

အကြောင်းတရားမယ်မယ်ရရမရှိပဲ အနီတွေ ethics လူ့ကျင့်ဝတ် ပျောက်ဆုံးနေကြတယ်၊
တရုတ်​ပြည်အလယ်ပိုင်း Henan ခရိုင် Zhengzhou မြို့မှာ မိုးအကြီးအကျယ် (၃)ရက်ရွာတာ တစ်နှစ်မိုးရွာတာနဲ့ ညီမျှတယ်လို့ သတင်းတွေထဲ ဖတ်ရတယ်၊
လူတစ်သန်းကျော်အရေးပေါ်နေရွာရွှေ့ပေးရတယ်၊ ပိတ်မိနေတဲ့သူတွေကို ကယ်တာ ကယ်ဆယ်ရေးသမား (၁၄) ယောက်သေတယ်၊ စုစုပေါင်း (၂၅) ယောက်သေတယ်လို့ ဖတ်ရတယ်။

အနီတွေက အဲ့ဒီတရုတ်သတင်းဌာနမှာ ဟ ဟ reaction တွေ ပေးကြတယ်၊ သေတာကောင်းတယ် မန့်ကြတယ်၊
ဒါက တော်တော်လေးကို လူ့ကျင့်ဝတ်မရှိတာပါ။
မြန်မာတွေက ဘာလို့ ဟဟပေးနေကြတာလဲဆိုပြီး ပြန်မန့်တဲ့တရုတ်လည်းရှိပါတယ်။

​တရုတ်ရဲ့အရင် ပြီးခဲ့တဲ့တပတ်အတွင်း ဂျာမဏီနှင့် ဘယ်ဂျီယံမှာလည်း မိုးအကြီးအကျယ်ရွာပါတယ်၊
ဂျာမဏီဆိုရင် လူ (၁၀၀) ကျော်သေပါတယ်၊ ဘယ်ဂျီယံလည်း သေတာပါပဲ။
နိုင်ငံတိုင်း သဘာဝဘေးတွေ ကြုံရတာပဲ၊ သဘာဝဘေးတွေ ကြုံတဲ့အခါ အားလုံးက ဆုတောင်းပေးကြရတယ်၊ ဒါက လူ့အသိုင်းအဝိုင်းရဲ့ကျင့်ဝတ်ပါ၊
သဘာဝဘေးကို လူတိုင်း နိုင်ငံတိုင်းကြုံနိုင်တာမို့ civilised human society ယဥ်ကျေးတဲ့လူ့အသိုင်းအဝိုင်းက ဘယ်တော့မှ မကျိန်ဆဲကြဘူး၊ မလှောင်ပြောင်ကြဘူး၊ ဝမ်းနည်းကြောင်း ပြသပေးရပါတယ်။

Natural Disaster သဘာဝဘေးအန္တရာယ် ကြုံနေရတဲ့စိတ်မကောင်းဖွယ်ဓာတ်ပုံ ဗီဒီယိုတွေအောက်မှာ ဟ ဟ ပေးတါ၊ သေတာ မနည်းပါစေနဲ့၊ တရုတ်နိုင်ငံကျဆုံးပါစေ၊ မန့်တာမျိုးက ဘယ်နိုင်ငံသားတွေလည်းဆိုတာ မေးစရာမလိုပါဘူး၊
အဲ့ဒီလူတွေရဲ့ဖဘအကောင့်မှာကို ဒေါ်စုပုံ NUG ပုံတွေ ပရိုဖိုင်တင်ထားတာ​ ကြည့်ပြီး သိနေတာပါပဲ၊ ရှင်ဟွာသတင်းဌာနဆိုရင် မြန်မာပြည်အခွဲနဲ့ မြန်မာဝန်ထမ်းတွေနဲ့ သတင်းတင်ဆက်နေတာပါ။

ဒီလုပ်ရပ်က Ethics လူ့ကျင့်ဝတ်မရှိတာပါ၊
State’s Foreign Policy နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီရယ်၊ its people သူ့ပြည်သူရယ်ကို ကွဲကွဲပြားပြား နားမလည်ကြဘူး၊ ဆဲဆို ဆဲကြတဲ့ ခပ်ညံံ့ညံ့နိုင်ငံသားတွေ ဖြစ်နေပါတယ်။

တရုတ်ရဲ့နိုင်ငံခြားရေး ပေါ်လစီကို မကြိုက်ရင် တရုတ်အစိုးရကို တိုက်ခိုက်ရပါမယ်၊
တရုတ်နိုင်ငံသားတွေနဲ့ မဆိုင်ပါဘူး၊
အ​မေရိကရဲ့နိုင်ငံခြားရေး ပေါ်လစီကို မကြိုက်ရင် အ​မေရိကန်အစိုးရကို တိုက်ခိုက်ရပါမယ်၊
အမေရိကန်နိုင်ငံသားတွေနဲ့ မဆိုင်ပါဘူး၊
ကိုယ့်နိုင်ငံကို ဖိနှိပ်လို့ တရုတ်တွေ သေပါစေ၊ အမေရိကန်တွေ သေပါစေ ကျိန်ဆဲတာက ခပ်ညံံ့ညံ့နိုင်ငံသားတွေရဲ့လုပ်ရပ်ပါ၊
ဒီလုပ်ရပ်က တရုတ်အစိုးရကို မထိပါဘူး၊ တရုတ်လူမျိုးတွေကို ထိပါတယ်၊ ဒီမန့်တွေကို ဖတ်မိတဲ့တရုတ်တွေရင်ထဲ အမျက်ဝင်နိုင်ပါတယ်၊ ကိုယ့်အဆင့်အတန်းကို လူသိတာပဲ အဖတ်တင်ပြီး အကျိုးထက် အဆိုးက များပါတယ်။

စလုံးပေ့ချ်တွေ U.S Navy ပေ့ချ်တွေမှာ လိုက်မန့်တုန်းကလည်း သောက်မြန်မာတွေ အမှိုက်ရှုပ်တယ်ဆိုပြီး ပြောခံရတာ မှတ်မိကြမှာပါ၊ အနီတွေအနေနဲ့ ဉာဏ်လေးရှိကြပါ၊ လူ့ကျင့်ဝတ်လေး ရှိကြပါ။
အခုက ပြည်တွင်းတင်မကဘူး ပြည်ပထိ လိုက်ပိန်းနေကြပါတယ်၊
ပြည်တွင်းအမုန်းတင်မကဘူး၊ ပြည်ပအမုန်းထိ ချဲ့ထွင်နေကြပါတယ်။

တရုတ်ပေါ်လစီကို မကြိုက်ရင် အရည်အချင်းလည်းရှိရင် သုတေသနသေချာလုပ် မြန်မာဘာသာစကား တရုတ်ဘာသာစကား အင်္ဂလိပ်ဘာသာစကားနဲ့ ဆောင်းပါးတွေ သေချားရေးပြီး တုန့်ပြန်တိုက်ခိုက်ကြပါ၊ အဆက်မပြတ်လုပ်ကြပါ၊
အခုကျတော့ Fuck တစ်လုံးတည်းကျက်ပြီး တစ်နိုင်ငံလုံးပတ်ဆဲနေသလိုပါပဲ၊
​ဒေါ်စု NUG ပရိုဖိုင်​တွေနဲ့ ကိုယ်ညံ့တာ လူသိတာပဲ အဖတ်တင်ပါတယ်။

သဘာဝဘေးမြန်မာနိုင်ငံမှာဖြစ်ရင် လူတွေပိုသေပါတယ်၊
လွန်ခဲ့တဲ့လေးငါးနှစ်က ရေဘေးတုန်းက သိမှာပေါ့၊ နိုင်ငံအနှံ့သေကြတာ မနည်းဘူး၊
ဒီနေ့တောင် ရှမ်းပြည်မှာ မိုးရွာလို့ တောင်ပြိုတာ လမ်းပြင်သူ (၁၁)ယောက်သေပါတယ်၊
သူများခံစားရတဲ့ သဘာဝဘေးကျတော့ သေပါစေပြောပြီး ကိုယ့်အလှည့်ကျမှ Save Myanmar ဆိုပြီး ဖင်ကုန်းအော်နေလည်း ဟိုက ဘောင်းဘီဇစ်ဖြုတ်ပြပါလိမ့်မယ်။

သဘာဝဘေးဆိုတာ မဖိတ်ခေါ်ပဲ နိုင်ငံတိုင်း ကြုံရတဲ့ပြဿနာဆိုတာလောက်တော့ သိကြပါ၊
State’s Foreign Policy နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီရယ်၊ its people သူ့ပြည်သူရယ်ကို ကွဲကွဲပြားပြား နားလည်အောင်လုပ်ကြပါ၊
တော်ရုံပိန်းတာပဲ ကောင်းပါတယ်။

ကျိန်ဆဲတာထက် ပိုကောင်းတဲ့နိုင်ငံရေးနည်းလမ်းတွေ တုန့်ပြန်နည်းတွေ အများကြီးရှိပါတယ်၊
အများကြီးမဟုတ်တောင် တစ်ဆင့်တော့ မြင့်ကြပါဦး။

AG Myo Thant
22 July 2021

Be the first to comment

Leave a Reply

Your email address will not be published.


*