အခြေခံစာသင်ကျောင်းများကို စက်တင်ဘာလ ၁၀ ရက်နေ့အထိ ပိတ်ထားမည်ဟု စစ်ကောင်စီထုတ်ပြန်

အခြေခံစာသင်ကျောင်းများကို စက်တင်ဘာလ ၁၀ ရက်နေ့အထိ ပိတ်ထားမည်ဟု စစ်ကောင်စီထုတ်ပြန်

 

မဇ္ဈိမ

 

အခြေခံစာသင်ကျောင်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းမျးနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများကို စက်တင်ဘာဘာ ၁၀ ရက်နေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီပြန်ကြားရေးက ဩဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။

 

လက်ရှိအခြေအနေအရ Covid – 19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ထိုသို့တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ကြေညာသည်။

 

ထို့အပြင် စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ အများပြည်သူအလုပ်ပိတ်ရက်ကိုပါ တိုးမြှင့်သတ်လိုက်ပြီး ယင်းအလုပ်ပိတ်ရက်များအတွင်း ဗဟိုဘဏ်နှင့် ၎င်းလက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်များကို ပုံမှန်အတိုင်းဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် Covid – 19 တတိယလှိုင်းအတွင်း ဩဂုတ်လ ၃၀ ရက်နေ့အထိ Covid – 19 အတည်ပြုလူနာ ၃၉၅၈၈၃ ဦးရှိပြီး ဆေးရုံက ဆင်းခွင့်ရသူ ၃၄၈၆၈၂ ဦးနှင့် သေဆုံးသူ ၁၅၂၈၇ ဦးရှိကြောင်း စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*